
သေနတ်ကိုင်ဆောင်ထားသော မန်းဂျော်နီ၏ ဓာတ်ပုံများထွက်ပေါ်လာပြီးနောက် ကျုံပျော်မြို့၊ အောင်ဆန်းရပ်ကွက်ရှိ ၎င်း၏ နေအိမ်ကို စစ်သားနှင့် ရဲများ ဝင်ရောက်ရှာဖွေကာ မိသားစုဝင်များ၏ ဖုန်းသုံးလုံးအပြင် နေအိမ်အနီးရှိ ဘုရားကျောင်းဝင်းအတွင်းထားသည့် မန်းဂျော်နီ၏ ကားတစ်စီးကိုပါ ယမန်နေ့က သိမ်းယူခဲ့သည်။
နေအိမ်တွင် မန်းဂျော်နီမရှိသော်လည်း မိသားစုဝင် ၅ဦးရှိနေပြီး ၎င်းတို့ကိုလည်း နေအိမ်အကျယ်ချုပ်သဖွယ်ထားကာ အပြင်မသွားရန်နှင့် သွားစရာရှိပါကလည်း သတင်းပို့ရန် စစ်တပ်က ထိန်းချုပ်ထားသည်။
[youtube https://youtu.be/Mgf1wpHAJR4]