
စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ နံနက်မှာပင် “စစ်တပ်အာဏာသိမ်းတာ မတရားအနိုင်ကျင့်တဲ့လုပ်ရပ်ဖြစ်တယ်”ဟု တိုက်ရိုက် Live လွင့်ပြောခဲ့သော ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း အသက် ၈၀ အရွယ် မန်းဂျော်နီက လက်နက်ကိုင်ကာ စစ်ရေးလေ့ကျင်နေကြောင်း Myanmar Now ၏ ဆက်သွယ်မေးမြန်းမှုအပေါ် အတည်ပြုပြောကြားသည်။
ပြည်သူများက ၎င်းကို ယုံကြည်စွာရွေးချယ်ထားသောကြောင့် ပြည်သူအပေါ် သစ္စာမဖောက်ဘဲ စစ်အာဏာရှင်ကို အမြစ်ပြတ်အောင် “တိုက်ပွဲဝင်” သွားမည်ဟု ၂၀၂၀ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းမဲဆန္ဒနယ်အမှတ်(၂)၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသူ ကရင်တိုင်းရင်းသား မန်းဂျော်နီက ဆိုသည်။
[youtube https://youtu.be/SgV2Wwr-5yc]