ရုပ်သံသတင်း

စစ်ကောင်စီတပ်မှ တောနင်းရှာဖွေပစ်ခတ်၍ တန့်ဆည်မြို့၊ ပေါင်းကျရွာသားတစ်ဦးသေပြီး တစ်ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကပေါင်းကျရွာကို ဩဂုတ်လ ၂၆ က စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းကာ လူနေအိမ်များကို ဖျက်ဆီး၊ မီးရှို့ပြီး သတ်ဖြတ်မှုများ ပြုလုပ်‌ခဲ့သောကြောင့် ကြောက်လန့်ပြီး ထွက်ပြေးနေသည့် ရွာသူရွာသားများကို စစ်ကောင်စီတပ်များ တောနင်းရှာဖွေပစ်ခတ်ခဲ့ရာ သြဂုတ် ၂၇ ရက်နေ့က တစ်ဦးသေဆုံးပြီး တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့ပါသည်။

ပေါင်းကျရွာသည် စစ်အာဏာရှင်ဆန့်ကျင်မှု အားကောင်းသည့်နေရာဖြစ်သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြိမ်ကြိမ်ဝင်ရောက်စီးနင်းခဲ့ပြီး ယခု ၇ ကြိမ်မြောက်ဝင်ရောက်စီးနင်းမှုကြောင့် ရွာသား ၂ ဦး ပစ်ခတ်ခံရပြီး တစ်ဦး သေဆုံးကာ တစ်ဦး အဖမ်းခံရပါသည်။

[youtube https://youtu.be/nASLunZ1txI]

Show More

Related Articles

Back to top button