အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

စစ်ကောင်စီတပ်မှ တောနင်းရှာဖွေပစ်ခတ်၍ တန့်ဆည်မြို့၊ ပေါင်းကျရွာသားတစ်ဦးသေပြီး တစ်ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကပေါင်းကျရွာကို ဩဂုတ်လ ၂၆ က စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းကာ လူနေအိမ်များကို ဖျက်ဆီး၊ မီးရှို့ပြီး သတ်ဖြတ်မှုများ ပြုလုပ်‌ခဲ့သောကြောင့် ကြောက်လန့်ပြီး ထွက်ပြေးနေသည့် ရွာသူရွာသားများကို စစ်ကောင်စီတပ်များ တောနင်းရှာဖွေပစ်ခတ်ခဲ့ရာ သြဂုတ် ၂၇ ရက်နေ့က တစ်ဦးသေဆုံးပြီး တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့ပါသည်။

ပေါင်းကျရွာသည် စစ်အာဏာရှင်ဆန့်ကျင်မှု အားကောင်းသည့်နေရာဖြစ်သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြိမ်ကြိမ်ဝင်ရောက်စီးနင်းခဲ့ပြီး ယခု ၇ ကြိမ်မြောက်ဝင်ရောက်စီးနင်းမှုကြောင့် ရွာသား ၂ ဦး ပစ်ခတ်ခံရပြီး တစ်ဦး သေဆုံးကာ တစ်ဦး အဖမ်းခံရပါသည်။

[youtube https://youtu.be/nASLunZ1txI]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button