
စစ်ကောင်စီတပ်ဖွဲ့က သံဃာများပါမချန် သေနတ်ဖြင့် ပစ်ဖမ်းခြင်း၊ ရုတ်တရက် ကားဖြင့် ဝင်တိုက်ပြီးဖမ်းခြင်း စသည့် အကြမ်းဖက်နည်းများသုံးပြီး ဖြိုခွင်းနှိမ်နင်းလေ့ရှိသော်လည်း မန္တလေးသံဃသမဂ္ဂသပိတ်စစ်ကြောင်းမှ သံဃာတော်များသည် တစ်ရက်မျှမပျက်ကွက်ဘဲ စစ်အာဏာရှင်ကို နေ့စဉ်ဆန္ဒပြနေကြသည်။
မန္တလေးသံဃသမဂ္ဂ၏ စစ်အာဏာရှင်ဆန့်ကျင်ရေး လမ်းပေါ်ထွက်ဆန္ဒပြမှုသည် ယနေ့(ဩဂုတ် ၂၇)တွင် ရက်ပေါင်း ၂၀၀တိတိ ပြည့်ခဲ့ပြီဖြစ်သည်။ သပိတ်တွင်ပါဝင်သည့် သံဃာများမှာလည်း စစ်ကောင်စီရန်ကြောင့် ကိုယ့်ကျောင်းတိုက်တွင် အတည်တကျ သီတင်းမသုံးနိုင်ဘဲ ပြောက်ကျားပုံစံဖြင့် သီတင်းသုံးရင်း အာဏာရှင်ကို အဆုံးထိတိုက်မည့်စိတ်ဓာတ်ဖြင့် အန်တုနေကြခြင်းဖြစ်သည်။
[youtube https://youtu.be/6wyW-YQKnZM]