ရုပ်သံသတင်း

အမှုပိတ်ပေးမယ့် စစ်ကောင်စီရဲ့ကမ်းလှမ်းချက် CDM သမားများ အယုံအကြည်မရှိ

အာဏာသိမ်းမှုကိုဆန့်ကျင်ခဲ့ကြသည့် ဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူများကို အမှုပိတ်ပေးမည်ဟူသော စစ်ကောင်စီ၏ ကမ်းလှမ်းချက်သည် ၎င်းတို့အာဏာတည်မြဲရေးအတွက်သာ လုပ်နေသည့်ခြေလှမ်းများသာဖြစ်သဖြင့် အယုံအကြည်မရှိကြောင်း CDM လှုပ်ရှားမှုတွင် ပါဝင်နေသူများက ဝေဖန်လိုက်သည်။

စစ်ကောင်စီ၏ လုပ်ရပ်တိုင်းသည် လိမ်လည်ရက်စက်သည့် နည်းလမ်းများသာဖြစ်သဖြင့် ၎င်းတို့ကိုယုံကြည်မှုမရှိဘဲ အာဏာရှင်စနစ်အမြစ်ဖြုတ်ရေး သန္နိဋ္ဌာန်ခိုင်မာပြီးဖြစ်သည့် ကျောင်းသားလူငယ်များပြန်လာမည့်အချိန်သည် စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းမည့် အချိန်သာဖြစ်ကြောင်း ကျောင်းသားခေါင်းဆောင်တစ်ဦးက ဆိုသည်။

[youtube https://youtu.be/8mbv7bdO0xs]

Show More

Related Articles

Back to top button