
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သည့် မီးရထားဝန်ထမ်းများသည် အမိန့်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတွင် တက်ကြွစွာ ပါဝင်ခဲ့သဖြင့် စစ်အာဏာသိမ်းမှု ၆ လကျော်လာသည်အထိ မြန်မာ့မီးရထားလုပ်ငန်းများ မလည်ပတ်နိုင်ဘဲ ရပ်တန့်လျက်ရှိသည်။
မြန်မာ့မီးရထားဝန်ထမ်းများအနေဖြင့် စားဝတ်နေရေးအခက်အခဲများနှင့် ကြုံတွေ့နေရသော်လည်း စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် အဆုံးထိတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သန္နိဋ္ဌာန်ချထားကြသည်ဟု ဆိုသည်။
[youtube https://youtu.be/Jfdv1cEaAN4]