ရုပ်သံသတင်း

မြင်းခြံတွင် တစ်နှစ်အရွယ်ကလေးငယ်တစ်ဦး သေနတ်ပစ်ခတ်ခံရပြီးသေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့ အမှတ်(၄)ရပ်ကွက်တွင် ယနေ့ (ဩဂုတ် ၁၂) နံနက်ပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ အသက်တစ်နှစ်အရွယ် ကလေးငယ်တစ်ဦး သေနတ်ကျည်ဆန်ထိမှန်သေဆုံးပြီး အခြားသူနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

အခင်းဖြစ်ပွားပြီးနောက် ဦးထွန်းထွန်းဦးအိမ်ရှေ့သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ဖြတ်သန်းသွားလာသူများကို လက်နောက်ပစ် ဒူးထောက်ခိုင်းထားကြောင်း၊ အနီးအနားရှိ အိမ်နီးချင်းများလည်း စိုးရိမ်နေကြသည်ဟု သိရသည်။

[youtube https://youtu.be/C6lIkR4dbGI]

Show More

Related Articles

Back to top button