ရုပ်သံသတင်း

စစ်တပ်ကို အံ့ဩ၊ ဝမ်းနည်း၊ စိတ်ပျက်မိဟု ဦးဝီရသူထောက်ခံသူများဆို

စစ်တပ်ကို ဘုရားလိုကိုးကွယ်ရန် လှုံ့ဆော်ပေးခဲ့သည့် ဦးဝီရသူကို အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီက ပစ်ပစ်ခါခါ လျစ်လျူရှုကာ ပြန်မလွှတ်ပေးသည့်အပြင် ကိုဗစ်ကာကွယ်ဆေးပင် ထိုးမပေးသေးဟု ဝီရဝံသအဖွဲ့၏ ပဓာနနာယကဆရာတော် ဘဒန္တကေသရက မိန့်ကြားသည်။

စစ်တပ်ဘက်က တောက်လျှောက်ရပ်တည်ခဲ့သည့် ဦးဝီရသူကို အမှုရုပ်သိမ်းပေးခြင်းမရှိသည့်အတွက် အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးကြသူများ အံ့ဩ၊ ဝမ်းနည်း၊ စိတ်ပျက်နေကြရသည်ဟု ဦးဝီရသူလွတ်မြောက်ရေး ဆောင်ရွက်နေသည့် ဝီရဝံသအဖွဲ့က စစ်ကောင်စီထံ စာပို့ထားသော်လည်း အကြောင်းမပြန်ဟု ဆိုသည်။

[youtube https://youtu.be/UQ8eTrASe0Q]

Related Articles

Back to top button