ရုပ်သံသတင်း

စစ်အာဏာသိမ်းမှုက သံဃာထုကို ဘယ်လိုထိခိုက်လဲ

ပြီးခဲ့သည့် ငါးနှစ်အတွင်း ဗုဒ္ဓဘာသာဝင်များ ‘စိတ်အားညှိုးငယ်’ ခဲ့ရသည်ဟု ပြောထားသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်အာဏာသိမ်းပြီးနောက် ပရိယတ္တိအကျော်အမော်များ ထွက်ပေါ်ရာ မန္တလေးစာသင်တိုက်ကြီးများတွင် စာသင်သားသံဃာ ထက်ဝက်ကျော် လျော့နည်းသွားသည်။

စစ်အာဏာသိမ်းမှုနှင့် ကိုဗစ်ကြောင့် ပြည်သူများ၏စားဝတ်နေရေး ခက်ခဲလာမှုက ဗုဒ္ဓဘာသာ၏ အခြေခံအုတ်မြစ်ဖြစ်သော ပရိယတ္တိစာသင်တိုက်များကိုပါ ထိခိုက်စေခြင်းဖြစ်သည်။ နေရပ်အသီးသီးတွင် သီတင်းသုံးနေရသည့် သံဃာများရှိသလို လူဝတ်လဲလိုက်ရသူများပင် ရှိနေပြီး အချို့စာသင်၊ စာချသံဃာတော်များလည်း နေရာအသီးသီး၌ တိမ်းရှောင်နေရသည်။ စစ်အာဏာရှင်လက်အောက်တွင် ဗုဒ္ဓဘာသာဝင်များသာမက လူမျိုးဘာသာမရွေး ပြည်သူအားလုံး မလုံခြုံတော့ဟု သံဃာတော်များက မိန့်ကြားသည်။

[youtube https://youtu.be/wShpG01DPFE]

Show More

Related Articles

Back to top button