
စစ်ကောင်စီက ကိုဗစ်ကာကွယ်ထိန်းချုပ်ရန် မန္တလေးမြို့တွင် သြဂုတ် ၁၅ ရက်မှစ၍ မနက် ၉ နာရီမှ ညနေ ၃ နာရီခွဲအထိ အပြင်ထွက်ခွင့်ကန့်သတ်အမိန့် ထုတ်ပြန်လာခြင်းသည် ပြည်သူလူထု၏ အကျိုးစီးပွားကို လျစ်လျူရှုပြီး ၎င်းတို့အား ဆန့်ကျင်ဆန္ဒပြနေသူများကို ဖမ်းဆီးနှိမ်နင်းရန် ရည်ရွယ်ခြင်းသာဖြစ်ကြောင်း မန္တလေးသံဃသမဂ္ဂသပိတ်စစ်ကြောင်းမှ ရဟန်းတစ်ပါးက ဝေဖန်လိုက်သည်။
စစ်ကောင်စီသည် ၎င်းတို့အာဏာ တည်မြဲရေးအတွက် ဆန့်ကျင်တော်လှန်နေသူများကို ချေမှုန်းနိုင်ရန်သာ အာရုံစိုက်နေပြီး ပြည်သူများ၏ အကျိုးစီးပွားထိခိုက်နစ်နာမှုများကို လျစ်လျူရှုထားဆဲဖြစ်သဖြင့် ပြည်သူများအနေဖြင့် စစ်ကောင်စီက ထုတ်ပြန်သည့် အမိန့်ဟူသမျှကို ဆန့်ကျင်ကြရန် ဆန္ဒပြလူငယ်တစ်ဦးက တောင်းဆိုလိုက်သည်။
[youtube https://youtu.be/ASWhiNcV9GE]