
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က လုံခြုံရေး ကူညီပေးနိုင်ပါက တစ်လအတွင်း နောက်ထပ် တပ်မတော်သား ၅၀၀ခန့် CDM ဝင်မည့် စာရင်းရှိကြောင်းနှင့် ထိုအထဲတွင် ဗိုလ်မှူးကြီးအဆင့်အထိ ပါဝင်သည်ဟု CDM ဝင်မည့် တပ်မတော်သားများကို ချိတ်ဆက်ကူညီပေးနေသည့် ဗိုလ်ကြီးညီသုတက ပြောသည်။
စစ်တပ်ကိုစွန့်ခွာလိုသည့် တပ်မတော်သားများကို စစ်ကောင်စီက တင်းကျပ်ထားသည့်ကြားကပင် ပြည်သူနှင့်ပူးပေါင်းလိုသူ များစွာရှိနေသည့် အခြေအနေအပေါ် ဗိုလ်ကြီးညီသုတကို ဆက်သွယ်မေးမြန်းထားပါသည်။
[youtube https://youtu.be/yhfwpdwTZmI]



