ရုပ်သံသတင်း

နှစ်လနီးပါးပိတ်ထားသည့်​​ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ခွင့် ရှေ့နေအဖွဲ့ တောင်းမည်

ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါအကြောင်းပြ တရားရုံးချိန်းရွှေ့ဆိုင်းမှုများကြောင့် ရက်သတ္တပတ် ခြောက်ပတ်ကြာသည်အထိ အဆက်အသွယ်ပြတ်တောက်နေသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပြုရန် စစ်ကောင်စီထံ တောင်းဆိုမည်ဟု ရှေ့နေအဖွဲ့ခေါင်းဆောင် ဦးခင်မောင်ဇော်က Myanmar Now ကို ပြောသည်။

လက်ရှိတွင် အမှုပေါင်း ၁၁ မှုဖြင့် တရားစွဲဆိုခံထားရပြီးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိဖြင့် နောက်ထပ်တစ်မှု ထပ်မံဖွင့်ထားသည်ဟု ကြားသိရကြောင်း၊ ယင်းအပေါ် ကာယကံရှင်သိမသိ မေးမြန်းခွင့်ရရန် လိုအပ်သည့်နည်းတူ အမှုကို တရားဝင်လိုက်ပါဆောင်ရွက်နိုင်ရေး ဒေါ်အောင်ဆန်းစုကြည်၏ လက်မှတ်ရယူရန်လည်း လိုအပ်ကြောင်း ၎င်းက ပြောသည်။

[youtube https://youtu.be/YEJr13Y8_WI]

Related Articles

Back to top button