ရုပ်သံသတင်း

CDM ရဲများဖြင့် ပထမဆုံးကရင်နီပြည်နယ် ကိုယ်ပိုင်ရဲတပ်ဖွဲ့ ဖွဲ့စည်း

စစ်တပ်က အာဏာသိမ်းပြီး ခြောက်လကျော်အကြာတွင် ကယားပြည်နယ်နှင့် ဆက်စပ်ဒေသများရှိ စစ်ကောင်စီကို ဆန့်ကျင်သော ကရင်နီလူမျိုးများက ပြည်နယ်တွင်းရှိ ပြည်သူလူထု၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ရဲလုပ်ငန်းဝန်ဆောင်မှုများပေးနိုင်ရန် ရည်ရွယ်ကာ CDM ရဲအင်အား ၃၂၀ ဖြင့် ပြည်နယ်အဆင့် ကိုယ်ပိုင်ရဲတပ်ဖွဲ့ကို ပထမဆုံး ဖွဲ့စည်းနိုင်ခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့ဝင်များ၏ ဂုဏ်သိက္ခာကို မြှင့်တင်ရန်နှင့် မြန်မာနိုင်ငံ၏ စံပြရဲတပ်ဖွဲ့ဖြစ်လာရန် ရည်ရွယ်ကြောင်း ပြည်နယ်အဆင့် ဖွဲ့စည်းထားသော အဆိုပါရဲတပ်ဖွဲ့တွင် ပြည်နယ်ရဲမှူးကြီး၊ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး စသည့်ရာထူးများအပြင် ခရိုင်ရဲမှူး၊ မြို့နယ်ရဲမှူး အစရှိသဖြင့် အဆင့်ဆင့်ရာထူးများဖြင့် ဖွဲ့စည်းသွားမည်ဟု ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

[youtube https://youtu.be/aycyQa_M210]

Related Articles

Back to top button