ရုပ်သံသတင်း

CDM ‌များကို ထောက်ပံ့ပေးမည့် နွေဦးထီ ငါးရက်အတွင်း လက်မှတ်နှစ်သိန်းခွဲရောင်းချနိုင်ခဲ့

အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ပါဝင်သည့် ဝန်ထမ်းများကို ထောက်ပံ့ရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ရောင်းချသည့် အောင်လံလွှင့်ချီနွေဦးထီသည် စမ်းသပ်ကာလ(၅)ရက်အတွင်း စောင်ရေ(၂)သိန်းခွဲခန့် ရောင်းချ နိုင်ခဲ့ကြောင်း NUG က ဆိုသည်။

နည်းပညာပြင်ဆင်မှုများ ပြုလုပ်နေသဖြင့် နွေဦးထီရောင်းချမှုကို နှစ်ပတ်ကြာ ရပ်နားထားမည်ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရက စာရင်းပြုစုထားသည့် CDM ဝန်ထမ်း ၄၁၀၀၀၀ (လေးသိန်းတစ်သောင်း) ကျော်အတွက် ထောက်ပံ့ရန် ပြင်ဆင်နေသည်ဟု NUG က ဆိုသည်။

[youtube https://youtu.be/Rv0nrw4bVmM]

Show More

Related Articles

Back to top button