ရုပ်သံသတင်း

ကနီတွင် ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်း ၇ လောင်းတွေ့ရှိ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း ဇူလိုင် ၂၆ ညနေပိုင်းက စစ်ကောင်စီတပ်များနှင့် ဒေသခံကာကွယ်ရေးအဖွဲ့ (PDF) တို့ တိုက်ပွဲဖြစ်ခဲ့ရာ ရွာသားတချို့နှင့် PDF အဖွဲ့ဝင်တချို့ ပျောက်ဆုံးနေ၍ လိုက်လံရှာဖွေရာမှ ကနီမြို့နယ်၊ ဇီးပင်တွင်းကျေးရွာ၊ အနောက်ဘက်ယာတောတွင် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံထားရသည့် အမျိုးသား ရုပ်အလောင်း ၇ လောင်းထက်မနည်း ယမန်နေ့ (ဇူလိုင် ၂၇) တွင် ဒေသခံများက ရှာဖွေတွေ့ရှိခဲ့ကြသည်။

စစ်ကောင်စီတပ်များသည် ဇူလိုင် ၉ တွင် ကနီမြို့နယ်၊ ယင်းရွာတွင် စစ်တပ်ရန်ကို စိုးရိမ်သဖြင့် တောတောင်များထဲ တိမ်းရှောင်နေသည့် စစ်ဘေးရှောင်ပြည်သူ ၁၅ ဦးကို ဖမ်းဆီးနှိပ်စက်ပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သေးသည်။

[youtube https://youtu.be/6yEcdeloZ28]

Show More

Related Articles

Back to top button