အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

စစ်ကောင်စီက အောက်ဆီဂျင်ကို နိုင်ငံရေးလက်နက်တစ်ခုအဖြစ် အသုံးချနေပြီလား

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် စစ်တပ်၏အကြမ်းဖက်မှုများကို ပြည်သူများရင်ဆိုင်နေရချိန်တွင် တစ်ကျော့ပြန်ဖြစ်ပွားလာသည့် ကိုဗစ်နိုင်တင်းရောဂါတတိယလှိုင်းကြောင့် ရောဂါကူးစက်ခံရမှုနှင့် သေဆုံးမှုများမြင့်တက်လာပြီး အများစုမှာ အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် သေဆုံးခဲ့ရကြရသည်။

စစ်ကောင်စီသည် အောက်ဆီဂျင်မလုံလောက်သည့်ပြဿနာကို မဖြေရှင်းနိုင်ရုံမက ပြည်သူများ၏အောက်ဆီဂျင်လိုအပ်နေမှုကို ခုတုံးလုပ်ပြီး အုပ်ချုပ်ရေးစနစ်အသက်ဝင်အောင် ပြုလုပ်ကာ အောက်ဆီဂျင်ကို နိုင်ငံရေးလက်နက်တစ်ခုအဖြစ် အမြတ်ထုတ်ပြီး အသုံးချလာခဲ့သည်ကို တွေ့ရသည်။ အောက်ဆီဂျင် ထုတ်လုပ်ဖြန့်ဖြူးပေးနေသည့် စက်ရုံတချို့ကို ပုဂ္ဂလိကထံမရောင်းချရန် ကန့်သတ်ပိတ်ပင်ခဲ့ပြီး သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်အလိုက် ခွဲတမ်းဖြင့် အောက်ဆီဂျင်ပေးရန် လုပ်ဆောင်လာသလို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးနမှူး၏ ထောက်ခံချက်၊ မှတ်ပုံတင်၊ သန်းခေါင်စာရင်းစသည့်အထောက်အထားများ ပါရှိမှ အောက်ဆီဂျင်ဖြည့်နိုင်သည်ဟု ကန့်သတ်မှုများလုပ်လာသည်။

[youtube https://youtu.be/tW3Cmyfzeuk]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button