
ကိုဗစ်အခြေအနေဆိုးရွားနေသော အင်းစိန်ထောင်အတွင်းရှိ အကျဉ်းသားများက ဇူလိုင် ၂၃ နံနက်ပိုင်းတွင် အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်ဆန္ဒပြခဲ့ကြပြီးနောက် လက်ရှိတွင် အင်းစိန်ထောင်ကို စစ်တပ်က ဝင်စီးထားသည်။
အင်းစိန်အကျဉ်းထောင်တွင် ဇန်နဝါရီ ၁ရက်နေ့အထိ ဒုတိယညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူခဲ့သော ဦးမျိုးဌေးကို အာဏာမသိမ်းမီ ထောင်တွင်း ကိုဗစ်ကူးစက်မှုအခြေအနေများနှင့် လတ်တလော နိုင်ငံရေးအကျဉ်းသားများ ကိုဗစ်စိုးရိမ်ရသည့် အခြေအနေများနှင့်ပတ်သက်ပြီး Myanmar Now က ဆက်သွယ်မေးမြန်းထားသည်။
[youtube https://youtu.be/fTTmsfBv-Wo]