ရုပ်သံသတင်း

အင်းစိန်ထောင်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်ဆန္ဒပြ

ရန်ကုန်၊ အင်းစိန်ထောင်အတွင်း၌ ယနေ့(ဇူလိုင်၂၃) နံနက်ပိုင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများဖြင့် ဆန္ဒပြလျက်ရှိကြောင်း လူမှုကွန်ရက်တွင် ရုပ်သံဖိုင်များတွေ့ရှိရသည့်နည်းတူ ထောင်ပတ်ဝန်းကျင်တွင် နေထိုင်သူတစ်ဦးကလည်း အတည်ပြုထားသည်။

ထို့ပြင် အင်းစိန်ထောင်အတွင်း ယနေ့နံနက်ပိုင်း၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်ဆန္ဒပြသူများတွင် အကျဉ်းကျနေသူများအပြင် ထောင်ဝန်ထမ်းများပါ ပါဝင်သည်ဟု အင်းစိန်ထောင်တွင် ထိန်းသိမ်းခံရထားရသူများနှင့် နီးစပ်သည့် ရှေ့နေတစ်ဦးက ပြောသည်။

[youtube https://youtu.be/Wwb1FWxk8F0]

Show More

Related Articles

Back to top button