ရုပ်သံသတင်း

စစ်ကောင်စီဖမ်းဆီးထားတဲ့ NLD CEC ဦးဉာဏ်ဝင်း ကိုဗစ်ကြောင့်ကွယ်လွန်

ရန်ကုန်မြို့ အင်းစိန်အကျည်းထောင်တွင် စစ်ကောင်စီက ဖမ်းဆီးထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းသည် ယနေ့မနက် ဇူလိုင်လ ၂၀ ရက်နေ့ ၉ နာရီကျော်တွင် ကိုဗစ်နိုင်တင်းရောဂါဖြင့် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်ခဲ့ပါသည်။

စစ်ကောင်စီက ဖမ်းဆီးထားသည့် အင်းစိန်ထောင်ရောက် NLD ထိပ်ပိုင်းခေါင်းဆောင်များထဲတွင် ဦးနိုင်ငံလင်း၊ ဦးဟံသာမြင့်နှင့် ရန်ကုန်ရှိ စစ်ကြောရေးစခန်းတစ်ခုတွင် ထိန်းသိမ်းခံထားရသည့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ဇနီးဖြစ်သူ တို့သည်လည်း ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံထားရပြီး ပြင်ပဆေးရုံများတွင် အရေးပေါ်ကုသမှု ခံယူနေရဆဲဖြစ်သည်။

[youtube https://youtu.be/azJVibtGOP0]

Show More

Related Articles

Back to top button