ကိုဗစ်နိုင်တင်း (Covid-19) သံသယဖြင့် သေဆုံးမှုနှုန်း လွန်စွာမြင့်တက်နေသည့် ရန်ကုန်မြို့တွင် နေအိမ်အတွင်း လူမသိ၊ သူမသိ သေဆုံးမှုရှိလာသည်ဟု လူနေထူထပ်သည့် မြို့နယ်များရှိ လူမှုရေးကူညီရေးအသင်းများဆီက သိရသည်။
စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာများတွင် ကျန်းမာရေးဝန်ကြီးဌာနက တစ်နိုင်ငံလုံးအတိုင်းအတာနှင့် သေဆုံးသူ တစ်ရက်ကို တစ်ရာပတ်ဝန်းကျင်သာရှိသည်ဟု ကြေညာနေသော်လည်း လက်တွေ့မြေပြင်တွင် ကိုဗစ်သံသယကြောင့် သေဆုံးသူများ၏ အလောင်းများ မီးသင်္ဂြိုဟ်နေရသည်မှာ ရန်ကုန်တိုင်းတစ်ခုတည်းတင် တစ်ရက်ကို အနည်းဆုံး ၅၀၀ ကျော်ရှိနေပါသည်။
[youtube https://youtu.be/tt9veW-GB4Q]