ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ်၂၀ထိ) ချမှတ်ခံရနိုင်သော နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာ ပုဒ်မ ၁၂၄ – ကဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယက ဦးဝင်းထိန်ကို စစ်ကောင်စီက ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့တွင် စွဲချက်တင်လိုက်သည်။
ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက် နေပြည်တော်တွင် ဦးဝင်းထိန်က သတင်းဌာနအချို့နှင့် တွေ့ဆုံခဲ့ပြီး တိုင်းပြည်အကျပ်အတည်းအခက်အခဲဖြစ်နေချိန်တွင် အာဏာသိမ်းခြင်းသည် အမြင်ကျဉ်းမြောင်းခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တိုက်ရိုက်ဝေဖန်ခဲ့သောကြောင့် ဖမ်းဆီးခံခဲ့ရသည်။
သတင်းနှင့်ရိုက်ကူး – Myanmar Now
[youtube https://youtu.be/Ovu9tpr3r94]