စမ်းသပ်ကုသခွင့်မရဘဲ ကိုဗစ်နိုင်တင်းသံသယဖြင့် သေဆုံးသူလွန်စွာများနေ၍ သုသာန်များသို့ ပို့ပေးရမည့် ရုပ်အလောင်းများကို ကြိုတင်ရက်ချိန်းဖြင့်သာ ဝန်ဆောင်ပေးနေရသည်ဟု ရန်ကုန်မြို့ လူမှုရေးအသင်းလေးခုထံမှ သိရသည်။
ယခင် ကူးစက်မှုများပြားစဉ်က အားသွန်ခွန်စိုက်ကူညီပေးခဲ့ကြသည့် လုပ်အားပေးများ၊ ကျန်းမာရေးဝန်ထမ်းများသည် အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြပြီးနောက် ဖမ်းဆီးခံရ၊ ရှောင်တိမ်းနေကြရပြီး စစ်ကောင်စီသည် ကိုဗစ်အခက်အခဲကို ရင်ဆိုင်ရာတွင် စီမံမှုညံ့ဖျင်းရုံသာမက စေတနာနည်းလွန်းသည်ဟု ဝေဖန်ခံနေရသည်။
သတင်းနှင့်ရိုက်ကူး – Myanmar Now
[youtube https://youtu.be/lxYyCKlmzY8]