အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

စစ်ကောင်စီကမီးရှို့ခဲ့သည့် ကင်းမရွာဒေသခံများ ပိုမိုဒုက္ခရောက်လာ

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ဘက် မိုင် ၂၀ အကွာရှိ ကင်းမရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဇွန် ၁၅ ရက်နေ့တွင် မီးရှို့ခဲ့တာကြောင့် လူဦးရေ ၁၀၀၀ ခန့်နေထိုင်ပြီး အိမ်ခြေ ၂၄၀ ကျော်ရှိသည့်အထဲ အိမ်အလုံး ၃၀ သာ မီးမလောင်ဘဲ ကျန်ခဲ့ပါသည်။

မိုးရှို့ခံရမှုကြောင့် ရွာထဲရှိ တိရစ္ဆာန်များအပါအဝင် သိုလှောင်ထားသည့် စိုက်ပျိုးသီးနှံများနှင့် မျိုးစေ့များပါ မီးလောင်သွားသဖြင့် ယခုရာသီတွင် စိုက်ပျိုးရန်အတွက် အခက်အခဲရှိနေသလို ရွာအပြင်ဘက်တောထဲတွင် ဖြစ်သလိုနေထိုင်စားသောက်နေရသည့် ကင်းမရွာသားများအတွက် မိုးရာသီကျရောက်လာသဖြင့် အခက်အခဲများနှင့်ပိုမိုရင်ဆိုင်ရနိုင်သည်။

[youtube https://youtu.be/EzRgK_STCWk]

Related Articles

Back to top button