အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပဲခူးမြို့နယ် NLD အလုပ်အမှုဆောင်အဖွဲ့ဝင် မိသားစု ဖမ်းဆီးခံရ

ပဲခူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးကျော်ဝင်းအပါအဝင် မိသားစုဝင်သုံးဦးနှင့် အခြားလူငယ်တစ်ဦး စုစုပေါင်းငါးဦးကို ယနေ့(ဩဂုတ် ၂၄) နံနက် ၁၀ နာရီခန့်က မြို့သစ်ဃရပ်ကွက် ရွာမလမ်းနေအိမ်တွင် စစ်ကောင်စီက လာရောက်ဖမ်းဆီးခဲ့သည်ဟု သိရသည်။ 

အသက် ၆၉ နှစ်အရွယ် ဦးကျော်ဝင်း၊ ညီဖြစ်သူ ၆၆ နှစ်အရွယ် ဦးအေးလွင်၊ တူတော်စပ်သူများဖြစ်သည့် အသက် ၃၁ နှစ်ရှိ ကိုဇင်ကိုကိုလွင်နှင့် ၂၁ နှစ်အရွယ် ကိုရဲရင့်လွင်တို့အပြင် ၎င်းတို့နေအိမ်တွင် ရောက်နေသည့် အမည်မသိ လူငယ်တစ်ဦးကို ကားငါးစီးဖြင့် လာခေါ်သွားခြင်းဖြစ်ကြောင်း မိသားစုဝင်တစ်ဦးနှင့် မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးက အတည်ပြုသည်။ 

ရဲနှင့်တပ် ပါဝင်သည့် စစ်ကောင်စီအဖွဲ့က နေအိမ်ရှိ NLD အလံများ၊ ပါတီနှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများအပြင် ငွေကြေးများကိုပါ သိမ်းဆည်းသွားကြောင်း ပဲခူးမြို့ခံတစ်ဦးက ပြောသော်လည်း အသေးစိတ်အတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

“အိမ်ပေါ်မှာနေတာကြာပြီ ဘယ်မှတောင်သွားတာ မဟုတ်ဘူး။ ​ဆေးကုတာကြာပြီ။ ရောဂါကအစုံပဲ၊ ကျပ်တာမောတာ၊ အနံ့မရတော့ဘူးဆိုလို့ ဆေးတွေသောက်နေရတာ” ဟုလည်း ပြည်ပရောက် ဦးကျော်ဝင်း၏ မိသားစုဝင်တစ်ဦးက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​
ဖမ်းဆီးခံရသူ ဦးကျော်ဝင်း။ (ဓာတ်ပုံ – ပေးပို့)

ဦးကျော်ဝင်းတို့ကို ဖမ်းဆီးရသည့် အကြောင်းကိစ္စ၊ ကျန်းမာရေးအခြေအနေနှင့် နေအိမ်မှ ငွေများယူဆောင်သွားသည်ဆိုသော ဖြစ်စဉ်နှင့် ပတ်သက်၍ ပဲခူးမြို့မရဲစခန်းသို့ ဖုန်းဖြင့် မေးမြန်းရန် ကြိုးပမ်းနေသော်လည်း အဆက်အသွယ်မရသေးပေ။

၎င်းတို့ငါးဦးလုံးကို ပဲခူးမြို့မရဲစခန်းသို့ ခေါ်သွားသည်ဟုသာ ကနဦးသိရပြီး ယနေ့ (ဩဂုတ်၂၄) ညနေပိုင်းအထိ ထပ်မံစုံစမ်းမေးမြန်း၍ မရတော့ကြောင်း ပဲခူးမြို့ခံက ဆိုသည်။ 

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် နေ့စဉ်ရက်ဆက် ငြိမ်းချမ်းစွာ ဆန္ဒပြသည့် ပဲခူးမြို့ခံလူထုကို စစ်တပ်က ရက်စက်စွာ နှိမ်နင်းမှုများ ပြုလုပ်ခဲ့ဖူးပြီး ယနေ့တိုင် လူအသေအပျောက်ပင် အတိအကျစုံစမ်းမရသည့် ဧပြီ ၉ရက် မဂ္ဂတစ်ခံတပ် ဖြိုခွင်းခံရမှုမှာ ထင်ရှားသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ထုတ်ပြန်ချက်များအရ အာဏာသိမ်းပြီးချိန်မှ ယမန်နေ့(ဩဂုတ်၂၃)အထိ ခြောက်လကျော်အတွင်း စစ်ကောင်စီလက်ချက်ဖြင့် လူ ၁၀၀၀ ကျော် သေဆုံးခဲ့ရကာ ၈၀၀၀ နီးပါး ဖမ်းဆီးခံထားရသည်။ 

AAPP စာရင်းကို ချဲ့ကားလွန်းသည်ဟု ပယ်ချလေ့ရှိသော စစ်ကောင်စီဘက်ကမူ ထိုကိစ္စများနှင့် စပ်လျဉ်း၍ အတိအကျ ထုတ်ပြန်လေ့မရှိပေ။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pen

 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button