အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန္တလေးဆန္ဒပြစစ်ကြောင်းသစ်မှ တစ်ဦးအဖမ်းခံရ၊ နှစ်ဦး ကျည်ထိ

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်နေသည့် ဆန္ဒပြစစ်ကြောင်းများ အများအပြားရှိနေရာ မန္တလေးမြို့မှ ဆန္ဒပြစစ်ကြောင်းအသစ်ဖြစ်သည့် “ပြာပုံထဲက ဖီးနစ်ငှက်များ” သည် လမ်းပေါ်စထွက်သည့် ယနေ့ (ဇူလိုင် ၂၀) တွင် ပစ်ခတ်ဖြိုခွင်းခံရပြီး အမျိုးသမီးတစ်ဦးအဖမ်းခံရကာ အမျိုးသားနှစ်ဦး ကျည်ထိမှန်ဒဏ်ရာရသွားသည်။

ချမ်းမြသာစည်မြို့နယ်၊ ၆၉ လမ်းနှင့် ၁၀၉ လမ်းတွင် နေ့လယ်ပိုင်း ယင်းဆန္ဒပြစစ်ကြောင်း စတင်ချီတက်စဉ် အရပ်ဝတ်စစ်ကောင်စီတပ်သားများက ကားဖြင့် ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့သည်ဟု ဆန္ဒပြပွဲတွင် ပါဝင်သူများကို ကိုးကား၍ မန္တလေးမှ ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုသူရအောင်က ပြောသည်။

ပေါင်နှင့် ခြေထောက်တို့တွင် ကျည်ဆန်ထိမှန်သူ ၂ ဦးမှာ အသက် ၂၀ အရွယ် အမျိုးသားများဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ဒီနေ့မှ စထွက်တဲ့ သပိတ်ပါ။ စစချင်း လာပစ်ပြီး ဖြိုခွဲခံရတာ၊ ဒဏ်ရာရသူတွေလည်း မစိုးရိမ်ရတော့ပါဘူး၊ လုံခြုံရာမှာ ဆေးကုသမှု ခံယူနေပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

မန္တလေးတွင် ဆန္ဒပြစစ်ကြောင်းများသည် သေနတ်ဖြင့်ပစ်ခတ်ခြင်း၊ ကားဖြင့် ဝင်တိုက်ခြင်း စသည့် အကြမ်းဖက်နည်းများသုံးကာ နှိမ်နင်းဖြိုခွင်းခံနေရသည်။ ဆိုင်ကယ်မောင်းသူများ ရပ်တန့် စစ်ဆေးရှာဖွေခံရခြင်း၊ လက်ကိုင်ဖုန်းများ စစ်ဆေးခံရခြင်းတို့ကိုလည်း နေ့စဉ် ကြုံတွေ့နေရသည်။  

ပြီးခဲ့သည့် ဇူလိုင် ၁၃ တွင် မန္တလေးမြို့၏ နာမည်ကျော် မြတောင်နှင့် မန္တလာတက္ကသိုလ် ဆန္ဒပြစစ်ကြောင်းနှစ်ခု ချီတက်ဆန္ဒပြနေစဉ် ဖြိုခွင်းခံရပြီး ၇ ဦး အဖမ်းခံထားရသည်။ 

ညအချိန်များတွင်လည်း လူနေရပ်ကွက်များအတွင်း ဝင်ရောက်ပစ်ခတ်ခြင်း၊ ဖမ်းဆီးခြင်းများလည်း ရှိတတ်သည်။

ယင်းသို့ စစ်ကောင်စီက နေ့မအားညမနား အကြမ်းဖက်နေသော်လည်း မန္တလေးပြည်သူတို့၏ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြမှုများက အားကောင်းနေဆဲဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button