အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

အမေရိကန်က စစ်သင်္ဘော ၁၂ စင်း၊ လေယာဉ် ၁၀၀ ကျော်နဲ့ ဟော့မုဇ် ရေလက်ကြားကို ပိတ်ဆို့ထား

ဟော့မုဇ်ရေလက်ကြားကို ပိတ်ဆို့မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စတင်ကြေညာပြီး ၄၈ နာရီအတွင်းမှာပဲ အဲဒီရေလက်ကြားမှာ ဧပြီ ၁၅ ရက်ကစလို့ အီရန်နဲ့ ပတ်သက်တဲ့ ဘယ်သင်္ဘောမှ ဒီဒေသကနေ ထွက်ခွာနိုင်တာမျိုး မတွေ့ရတော့ဘူးလို့ အမေရိကန်အာဏာပိုင်တွေနဲ့ သင်္ဘောတွေရဲ့ လမ်းကြောင်းကို စောင့်ကြည့်တဲ့   ကုမ္ပဏီတွေက ပြောပါတယ်။   

အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) အကြီးအကဲ ဗိုလ်ချုပ်ကြီး ဘရတ်ကူးပါးကလည်း သင်္ဘောသွားလာမှုတွေကို လုံးဝ ပိတ်ဆို့လိုက်ပြီဖြစ်လို့     အီရန်ဆိပ်ကမ်းတွေကနေ အဝင်အထွက်လုပ်မယ့် ကုန်သွယ်ရေးသင်္ဘောတွေ အကုန်ရပ်တန့်သွားပြီ ဖြစ်တဲ့အကြောင်း ဧပြီ ၁၄ ရက်မှာ ပြောပါတယ်၊

အီရန်စီးပွားရေးရဲ့ ၉၀ ရာခိုင်နှုန်းလောက်ဟာ ရေကြောင်းကုန်သွယ်ရေးအပေါ်မှာ မှီခိုနေတာဖြစ်ပါတယ်။

လက်ရှိမှာ အမေရိကန်စစ်သင်္ဘော ၁၂ စင်းထက်မနည်းဟာ အီရန်ဆိပ်ကမ်းတွေကို အဝင်အထွက်လုပ်မယ့် ဘယ်နိုင်ငံက သင်္ဘောကိုမဆို တားဆီးပိတ်ဆို့ဖို့  ရေလက်ကြားရဲ့ အရှေ့ဘက်မှာ ကင်းလှည့်နေပါတယ်၊   

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဒီပိတ်ဆို့မှုအတွက်   လေယာဉ် ၁၀၀ ကျော်နဲ့ စစ်သည်အင်အား ၁၀,၀၀၀ ကျော်ကို အမေရိကန်က အသုံးပြုထားပါတယ်။

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button