ဒီတပတ်ထဲမှာတော့ အာဏာသိမ်းစစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ့ရဲ့အိမ်မက်အတိုင်း သမ္မတ ဖြစ်လာပါတယ်။
သမ္မတ မဖြစ်ခင် ကြိုတင်စီစဉ်ထားတဲ့အတိုင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သူ ၁၅ နှစ်ကြာ ရယူထားတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ဗိုလ်ချုပ်ကြီးရဲဝင်းဦးဆီ မတ်လ ၃၀ ရက်မှာ လွှဲပေးခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ကို ခုခံတိုက်ခိုက်နေကြတဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း လူမျိုးစု တော်လှန်ရေးတပ်တွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပူးပေါင်းပြီး မဟာမိတ် တပ်ပေါင်းစု ကို မတ်လ ၃၀ ရက် မှာ ဖွဲ့လိုက်ပါတယ်။
တော်လှန်ရေးဘက်ကလဲ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကော်မတီ (SCEF) လို့ နံမည်ပေးထားတဲ့ တပ်ပေါင်းစုဖွဲ့လိုက်ပြီး အင်အားကြီးလူမျိုးစု လက်နက်ကိုင်တပ်တွေဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး (CNF/CNA)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA)၊ ကရင်အမျိုးသား အစည်းအရုံး (KNU/KNLA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP/KA) ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG/PDF) နဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) တို့ပါဝင်ပါတယ်။
သဘာဝသယံဇာတနဲ့ ပတ်သက်တဲ့ ပဋိပက္ခ ဟာ မကွေးတိုင်း၊ မြိုင်နဲ့ ပေါက်နယ်တွေက ရေနံမြေတွေမှာဖြစ်နေပြီး အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ကြားကာလမကွေးဖက်ဒရယ်ယူနစ် အစိုးရတာဝန်ရှိသူတွေ ဧပြီလ ၂ ရက်နေ့မှာ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့ပြီး တော်လှန်ရေးနဲ့ လူထုကို မထိခိုက်စေတဲ့ နည်းလမ်းတွေနဲ့ ဆက်ညှိနှိုင်းဖြေရှင်းဖို့ သဘောတူခဲ့ကြပါတယ်။
တင်ဆက်-သဇင်လှိုင် ရိုက်ကူး-မြတ်ကြီး
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။



