စက်သုံးဆီအခက်အခဲတွေက တော်လှန်ရေး နယ်မြေတွေအထိ ထပ်တိုးရိုက်ခတ်လာပါတယ်။လက်နက်ကိုင်ခုခံမှုအားကောင်းပေမယ့် စစ်တပ်ထိန်းချုပ်ထားတဲ့ မြို့ကြီးမြို့ငယ်တွေက လာတဲ့ ကုန်စည်နဲ့ လောင်စာဆီတွေကို အဓိက မှီခိုနေရတဲ့ စစ်ကိုင်းတိုင်း အလယ်ပိုင်းနဲ့ အောက်ပိုင်း မြို့နယ်တွေမှာ စက်သုံးဆီ လိုသလောက်ဝယ်ယူမရတော့သလို နောက်ဆက်တွဲ ကုန်ဈေးနှုန်းပါ ထိုးတက်လာတာပါ။
အရှေ့အလယ်ပိုင်း စစ်ရေးတင်းမာမှုတွေကြောင့် ပြည်တွင်းမှာ စက်သုံးဆီ ရှားပါးမှု နဲ့ အတူ လျှပ်စစ်ကား (EV) ဝယ်လိုအား အဆမတန် မြင့်တက်လာချိန်မှာ EVတွေဟာ ကျပ်သိန်းထောင်ချီပြီး ဈေးနှုန်းထိုးတက်လာပါတယ်။
ခါးကျီးပေါင်းရောဂါခံစားနေရတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အာရုံကြောညပ်သွားလို့ မတ်လ ၂၀ ရက်နေ့မှာ အရေးပေါ်ခွဲစိတ်ကုသခဲ့ရတယ်လို့ စစ်တပ်က မတ်လ ၂၃ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
လောင်စာဆီ အခက်အခဲ ဖြစ်ပေါ်နေချိန် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေကို မရပ်တန့်ဘဲ နေ့စဉ်နီးပါး လုပ်နေပြီး စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့မှာ စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းကို မတ်လ ၂၀ ရက်နေ့မှာ ဗုံးကြဲတိုက်ခိုက်လို့ ကလေးတွေ၊ သံဃာတွေနဲ့ စစ်ရှောင်တွေ အပါအဝင် သေဆုံးသူ ၅၀ ထက်မနည်းရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအဖွဲ့နှင့် နီးစပ်သူတွေက ပြောပါတယ်။
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။



