အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

နေ့မှာကျောင်းသား၊ ညမှာစစ်သား ထားဝယ်က ကလေးပြည်သူ့စစ်များ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့က အထက်တန်းကျောင်းသားတွေထဲမှာ နေ့ဘက်ဆိုရင် အဖြူအစိမ်းဝတ် ကျောင်းသားတွေလိုပဲ ပုံမှန်ကျောင်းတက်နေကြပေမယ့်၊ ညဘက်ရောက်လာချိန်မှာတော့ စစ်ကောင်စီတပ်တွေနဲ့အတူ ကင်းလှည့်နေတဲ့ အသက်မပြည့်သေးတဲ့ ကလေးပြည်သူ့စစ်တွေ ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မျက်မြင်တွေ့ရှိသူတွေရဲ့ ပြောပြချက်အရ၊ ဒီကလေးပြည်သူ့စစ်တွေဟာ အသက် ၁၄ နှစ်ကနေ ၁၇ နှစ်ကြားရှိပြီး စစ်တပ်လက်အောက်ခံ ဌာနေပြည်သူ့စစ် (ပ.စ) တံဆိပ်ပါ ယူနီဖောင်းဝတ်ဆင်ကာ ကာဘိုင်သေနတ်တွေကိုလည်း ကိုင်ဆောင်ထားကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြည်သူ့စစ်ထဲ ဝင်ထားတဲ့ ကျောင်းသားတွေဟာ ကျောင်းသားအချင်းချင်းနဲ့ ဆရာ၊ ဆရာမတွေကိုပါ ခြိမ်းခြောက်လေ့ရှိတယ်လို့ ဒေသတွင်းအခြေစိုက် သတင်းဌာနဖြစ်တဲ့ Dawei Watch က ဖော်ပြထားပါတယ်။

စာသင်ကျောင်းထဲမှာ ဒီလို ခြိမ်းခြောက်မှုတွေ ရှိနေတယ်ဆိုတာ ကြားသိထားပေမယ့် အတည်ပြုနိုင်တာတော့ မရှိသေးသလို တရားဝင် တိုင်ကြားလာတာမျိုးလည်း မရှိသေးဘူးလို့ တနင်္သာရီတိုင်း ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက Dawei Watch ကို ဖြေကြားထားပါတယ်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အသက်မပြည့်သေးတဲ့ ပြည်သူ့စစ်တွေကို မြို့ထဲမှာ ဧည့်စာရင်းစစ်ခိုင်းတာ၊ ကင်းလှည့်ခိုင်းတာ၊ လမ်းလုံခြုံရေးတာဝန်တွေ ပေးတာတင်မကဘဲ စစ်တပ်က ခန့်ထားတဲ့ တိုင်းဝန်ကြီးချုပ်ရဲ့ လမ်းကြောင်းလုံခြုံရေးအတွက်ပါ အသုံးချနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ပြည်သူ့စစ်ထဲ ဝင်တဲ့သူတွေဟာ ထောက်ပံ့ကြေးအဖြစ် ကျပ်နှစ်သိန်းဝန်းကျင်လောက် ရရှိကြပြီး၊ ဆိုင်ကယ်စီးတဲ့အခါ ဦးထုပ်မဆောင်းလည်း အရေးယူမခံရဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် သေနတ်ကိုင်ခွင့်လည်း ရလာပြီး တချို့ကတော့ ဒီအခွင့်အရေးတွေကို အသုံးချပြီး ငွေညှစ်တာတွေထိ ရှိနေတယ်လို့ Myanmar Now ကို ပြောပါတယ်။ 

သဇင်လှိုင်/ Myanmar Now

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles