အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ဟော့မုဇ်ရေလက်ကြားဖွင့်နိုင်အောင်စစ်သင်္ဘောတွေလွှတ်ဖို့ထရမ့်ပြောဆိုချက်အပေါ်မဟာမိတ်တွေချီတုံချတုံဖြစ်နေ

ပါရှန်းပင်လယ်ကွေ့ဒေသက အီရန်ထိန်းချုပ်ထားတဲ့ ဟော့မုဇ် ရေလက်ကြား (Strait of Hormuz) ကို ပြန်ဖွင့်ဖို့အတွက် အမေရိကန်နဲ့အတူ အခြားအင်အားကြီး နိုင်ငံတွေကလည်း စစ်သင်္ဘောတွေ စေလွှတ်ပေးဖို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က မတ်လ ၁၄ ရက်နေ့က တောင်းဆိုခဲ့တဲ့အ‌ပေါ်မှာ သူ့ရဲ့ မဟာမိတ်နိုင်ငံတွေကတော့ ခုချိန်ထိ ပြတ်ပြတ်သားသား အဖြေမပေးကြသေးပါဘူး။

ဒီရေလက်ကြားမှာ အရင်လို ရေနံတင်သင်္ဘောတွေ ပြန်လည် သွားလာနိုင်ဖို့အတွက် “တရုတ်၊ ပြင်သစ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဗြိတိန်နဲ့ တခြားနိုင်ငံတွေအနေနဲ့ စစ်သင်္ဘောတွေ စေလွှတ်ပေးနိုင်လိမ့်မယ်လို့  မျှော်လင့်ကြောင်း ထရမ့်က သူ့ရဲ့ Truth Social မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ အခြေအနေအရ ဟော့မုဇ်ရေလက်ကြားမှာ စစ်သင်္ဘောတွေ စေလွှတ်ဖို့ဆိုတာ လွယ်လင့်တကူ ဆုံးဖြတ်လို့ရတဲ့ ကိစ္စမဟုတ်တဲ့အတွက် အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေအဖို့ ခေါင်းခဲစရာ ဖြစ်နေပါတယ်။ 

ပါရှန်းပင်လယ်ကွေ့က ရေနံတွေ တင်ပို့မှုအတွက် အရေးပါတဲ့ ဒီဟော့မုဇ် ရေလမ်းကြောင်းကို အီရန်က ပိတ်ဆို့ထားမှုဟာ အခုအခါမှာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးရဲ့ အဓိက ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာသလို အိမ်နီးချင်း ပင်လယ်ကွေ့နိုင်ငံတွေရဲ့ စွမ်းအင်နဲ့ ရေနံတင် သင်္ဘောတွေကို အီရန်က  တိုက်ခိုက်နေတာကြောင့် ကမ္ဘာ့ရေနံစျေးဟာ စစ်ပွဲ မဖြစ်ခင်ကထက် ၄၀ ရာခိုင်နှုန်းအထိ မြင့်တက်လျက် ရှိနေပါတယ်။

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button