ဖေဖော်ဝါရီ ၂၈ ရက်နေ့က စတင်ခဲ့တဲ့ အစ္စရေးနဲ့ အမေရိကန်တို့ရဲ့ အီရန်အပေါ် စစ်ရေးအရ တိုက်ခိုက်မှုကြောင့် အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ အပါအဝင် ထိပ်တန်းခေါင်းဆောင်တွေ သေဆုံးခဲ့ပါတယ်။
အီရန်ရဲ့ လက်တုံ့ပြန် ဒုံးကျည်တွေဟာ အမေရိကန် မဟာမိတ်တွေဖြစ်တဲ့ အစ္စရေးနိုင်ငံ ဂျေရုဆ(င်)လင် မြို့၊ ဘာရိန်းနိုင်ငံမြို့တော် မနားမားနဲ့ မြန်မာအလုပ်သမားတွေ အများအပြား အခြေချ အလုပ်အလုပ်ကိုင်နေတဲ့ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့၊ အိုမန်နိုင်ငံ ကုန်တင်ဆိပ်ကမ်းနှင့် ကာတာနိုင်ငံမြို့တော် ဒိုဟာတို့မှာလည်း ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။
ပြည်ပကို ထွက်ခွာအလုပ်လုပ်ကိုင်နေရတဲ့ မြန်မာလုပ်သားတွေဟာ တစ်ပါးနိုင်ငံမှာ စစ်ပွဲရဲ့ဒဏ်ကို ထပ်မံရင်ဆိုင်နေရတာပါ။ ဒုံးကျည်သံတွေ၊ လုံခြုံရေး တင်းကျပ်မှုတွေနဲ့ လေကြောင်းလိုင်း ပိတ်သိမ်းမှုတွေကြားမှာ လုံခြုံရေးနဲ့ အလုပ်အကိုင်တွေ ဘယ်လိုရှိနေသလဲ ဆိုတာကို အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ ရောက်နေတဲ့ မြန်မာအချို့ကို မြန်မာနောင်း က ဆက်သွယ်မေးမြန်းထားပါတယ်။
တင်ဆက်-သဇင်လှိုင် ရိုက်ကူး/တည်းဖြတ်-မြတ်ကြီး
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။



