အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ကလေး၁၇၅ဦးသေဆုံးခဲ့တဲ့အီရန်မူလတန်းကျောင်းတိုက်ခိုက်ခံရမှုကိုစုံစမ်းမယ်လို့အမေရိကန်ဆို

အီရန်နိုင်ငံတောင်ပိုင်း မီနပ်ဘ် (Minab) မြို့မှာရှိတဲ့ ရှဂျားယက်တားယက် (‘Shajarah Tayyebeh’)  မူလတန်းကျောင်းဟာ  အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ဖေဖော်ဝါရီ ၂၈ ရက် တိုက်ခိုက်မှုမှာ ထိမှန်ခဲ့ပြီး အခုချိန်ထိ သေဆုံးသူ ၁၇၅ ဦးထက်မနည်း ရှိနေပြီလို့ အီရန်အစိုးရမီဒီယာတွေက  ထုတ်ပြန်ထားပါတယ်။

ဒါဟာ လက်ရှိဖြစ်ပွားနေတဲ့  အီရန်နဲ့ အမေရိကန်-အစ္စရေးတို့ရဲ့ စစ်ပွဲမှာ အသေအပျောက်အများဆုံး ဖြစ်ရပ်တစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။အီရန်အနီရောင်လခြမ်းနီအဖွဲ့က ကယ်ဆယ်ရေးသမားတွေနဲ့ မိသားစုဝင်တွေဟာ အပျက်အစီးပုံတွေကြားထဲမှာ သူတို့ကလေးတွေရဲ့ ရုပ်အလောင်းတွေကို ရှာဖွေကြရာမှာ သွေးတွေနဲ့ ပြာတွေ ပေကျံနေတဲ့ ကျောင်းသုံးစာအုပ်တွေ၊ ပျံ့ကြဲနေတဲ့ ကျောင်းလွယ်အိတ်လေးတွေကို တွေ့ခဲ့ရပါတယ်။အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုကတော့ “တကယ်လို့ အခုစာသင်ကျောင်း တိုက်ခိုက်ခံရမှုဟာ  သူတို့ လက်ချက်သာ ဆိုရင်   စစ်ဘက်ဆိုင်ရာဝန်ကြီးဌာန (Department of War) က စုံစမ်းစစ်ဆေးသွားမှာဖြစ်တဲ့အကြောင်းနဲ့ အမေရိကန်အနေနဲ့ စာသင်ကျောင်းကိုတော့ တမင်သက်သက် ပစ်မှတ်ထားမှာ မဟုတ်ဘူး” လို့  မတ်လ ၂ ရက်နေ့ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles