အီရန်နိုင်ငံတောင်ပိုင်း မီနပ်ဘ် (Minab) မြို့မှာရှိတဲ့ ရှဂျားယက်တားယက် (‘Shajarah Tayyebeh’) မူလတန်းကျောင်းဟာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ဖေဖော်ဝါရီ ၂၈ ရက် တိုက်ခိုက်မှုမှာ ထိမှန်ခဲ့ပြီး အခုချိန်ထိ သေဆုံးသူ ၁၇၅ ဦးထက်မနည်း ရှိနေပြီလို့ အီရန်အစိုးရမီဒီယာတွေက ထုတ်ပြန်ထားပါတယ်။
ဒါဟာ လက်ရှိဖြစ်ပွားနေတဲ့ အီရန်နဲ့ အမေရိကန်-အစ္စရေးတို့ရဲ့ စစ်ပွဲမှာ အသေအပျောက်အများဆုံး ဖြစ်ရပ်တစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။အီရန်အနီရောင်လခြမ်းနီအဖွဲ့က ကယ်ဆယ်ရေးသမားတွေနဲ့ မိသားစုဝင်တွေဟာ အပျက်အစီးပုံတွေကြားထဲမှာ သူတို့ကလေးတွေရဲ့ ရုပ်အလောင်းတွေကို ရှာဖွေကြရာမှာ သွေးတွေနဲ့ ပြာတွေ ပေကျံနေတဲ့ ကျောင်းသုံးစာအုပ်တွေ၊ ပျံ့ကြဲနေတဲ့ ကျောင်းလွယ်အိတ်လေးတွေကို တွေ့ခဲ့ရပါတယ်။အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုကတော့ “တကယ်လို့ အခုစာသင်ကျောင်း တိုက်ခိုက်ခံရမှုဟာ သူတို့ လက်ချက်သာ ဆိုရင် စစ်ဘက်ဆိုင်ရာဝန်ကြီးဌာန (Department of War) က စုံစမ်းစစ်ဆေးသွားမှာဖြစ်တဲ့အကြောင်းနဲ့ အမေရိကန်အနေနဲ့ စာသင်ကျောင်းကိုတော့ တမင်သက်သက် ပစ်မှတ်ထားမှာ မဟုတ်ဘူး” လို့ မတ်လ ၂ ရက်နေ့ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။



