အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

လုံခြုံရေးအပြည့်နဲ့ ပုန်းအောင်းနေခဲ့တဲ့ အလီ ခါမေနီကို မော့ဆက်နဲ့ စီအိုင်အေတို့ ဘယ်လိုတွေ့သွားခဲ့သလဲ

အီရန်ရဲ့အဆင့်မြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီခါမေနီနဲ့ ထိပ်တန်းစစ်ဘက် ခေါင်းဆောင်အချို့ဟာ ဖေဖော်ဝါရီ ၂၈ ရက်နေ့က အစ္စရေးရဲ့ အလစ်အငိုက် တိုက်ခိုက်မှုမှာ သေဆုံးသွားခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုဖြစ်ပွားချိန်က အီရန်ခေါင်းဆောင်တွေဟာ တီဟီရန်မြို့မှာရှိတဲ့ အလီခါမေနီရဲ့ လုံခြုံရေးစနစ် အပြည့်တပ်ဆင်ထားတဲ့ အိမ်ရာဝင်းထဲမှာ ထိပ်တန်းစစ်ဘက်အစည်းအဝေးတစ်ခုကို လုပ်နေခဲ့ကြတာ ဖြစ်ပါတယ်။

 ဒီအစည်းအဝေးမှာ အီရန်ထိပ်တန်းအရာရှိတွေ ပါဝင်မယ်ဆိုတဲ့  သတင်းကို CIA က အတိအကျ ရရှိခဲ့လို့   အစ္စရေးကို တိတိကျကျ သတင်းပေးခဲ့တာဖြစ်တယ်လို့ The New York Times သတင်းမှာ ဖော်ပြထားပါတယ်။

အစ္စရေးထောက်လှမ်းရေးအဖွဲ့တွေက အီရန်ခေါင်းဆောင်တွေရဲ့ လှုပ်ရှားမှုအပေါ် ဆယ်စုနှစ်နဲ့ချီပြီး သတင်းအချက်အလက်တွေ စုဆောင်းခဲ့ကြသလို   ပြီးခဲ့တဲ့ ၆ လအတွင်းမှာ CIA နဲ့ အမေရိကန်ထောက်လှမ်းရေးအဖွဲ့တွေက နည်းပညာနဲ့ လူအင်အား အမြောက်အမြား ကူညီပေးခဲ့တာကြောင့် အီရန်အစိုးရ   ခေါင်းဆောင်ပိုင်းတွေကို အခုလို တိတိကျကျ တိုက်ခိုက်နိုင်ခဲ့တာလို့ ကျွမ်းကျင်သူတွေနဲ့ ထောက်လှမ်းရေးအရာရှိဟောင်းတွေက ပြောပါတယ်။

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

Related Articles

Back to top button