အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

စစ်မှုထမ်းဥပဒေ ၂ နှစ်တာနဲ့ မိဘတို့ရဲ့ ရွေးချယ်စရာမဲ့ ငရဲ

စစ်မှုထမ်း ဥပဒေပြဋ္ဌာန်းပြီး သင်တန်းတစ်ခုကို လူ ၅၀၀၀ နှုန်းနဲ့ စုဆောင်းမယ်လို့ စစ်တပ်က ထုတ်ပြောထားပါတယ်။ ၂နှစ်တာအတွင်း သင်တန်းအမှတ်စဉ် ၂၁ အထိ ခေါ်ယူပြီးဖြစ်တာကြောင့် တပ်သားသစ် ၁သိန်းကျော် စုဆောင်းထားပြီးဖြစ်တယ်လို့ ယူဆရပါတယ်။ 

စစ်တပ်က အတင်းအဓမ္မ စုဆောင်းခေါ်ယူခဲ့တဲ့ တပ်သားသစ် တစ်သိန်းကျော် ဆိုတဲ့ ကိန်းဂဏန်းရဲ့ နောက်ကွယ်မှာတော့  မိသားစုပေါင်းများစွာရဲ့ တစစီ ပြိုကွဲသွားတဲ့ ဘဝတွေ၊ တိတ်ဆိတ်သွားတဲ့ ထမင်းဝိုင်းတွေနဲ့ ရှင်ကွဲ ကွဲရတဲ့ ကြေကွဲစရာ ဖြစ်ရပ်တွေ ရှိနေပါတယ်။ 

ရှေ့တန်းတပ်တွေမှာ အင်အားဖြည့်တဲ့အခါ ပြည်သူ့စစ်မှုထမ်းတပ်သားတွေ အများစုပါဝင်နေပြီး  ၆၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိ နေရာယူထားတာမလို့ စစ်မြေပြင်ရဲ့ ရှေ့တန်းတပ်တွေမှာ လူငယ်တွေဟာ သားကောင်အဖြစ် အစားထိုး ခံနေရတာလည်း ဖြစ်ပါတယ်။ 

စစ်တပ်အတွက်တော့ ဒါဟာ စစ်ရေးအရ အင်အားဖြည့်တင်းမှု ဖြစ်နိုင်ပေမယ့် နိုင်ငံရဲ့ လူသားအရင်းအမြစ်တွေကို ဖျက်ဆီးပစ်လိုက်ရုံတင်မကဘဲ အခြေခံပြည်သူတွေ အတွက် မိသားစုတွေ တစစီ ပြိုကွဲသွားခြင်းနဲ့ အနာဂတ်တွေ ပျောက်ဆုံးသွားခြင်းပါပဲ။ဒီဥပဒေရဲ့ သက်ရောက်မှုဟာ သားသမီးတွေကိုတင် မဟုတ်ဘဲ မိဘတွေရဲ့ စိတ်ကျန်းမာရေးနဲ့ မိသားစုတွေရဲ့ နွေးထွေးမှုကိုပါ အပိုင်းပိုင်း ဖြတ်တောက်လိုက်တာ ဖြစ်ပါတယ်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဒီငရဲကနေ ဘယ်တော့ လွတ်မြောက်မလဲဆိုတဲ့ မေးခွန်းကတော့ မိသားစုတိုင်းအတွက် အဖြေမရှိဘဲ ဆက်လက် ရှိနေဆဲ ဖြစ်ပါတယ်။ 

သတင်း/တင်ဆက်-သဇင်လှိုင်  တည်းဖြတ်-မြတ်ကြီး

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button