အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

“အာဏာရှင်ရဲ့ အရှိုက်ကိုထိုးဖို့ဟာ အညာဒေသကပဲ ဖြစ်တယ်”

စစ်အာဏာသိမ်းမှု ၅နှစ်ပြည့်ပြီးတဲ့ လက်ရှိအချိန်ထိ နိုင်ငံအလယ်ပိုင်း၊ အညာဒေသဟာ စစ်အာဏာရှင်ကို ခုခံတော်လှန်မှု ဆက်လက်အားကောင်းနေဆဲ ဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်းဟာ တော်လှန်ရေးအားကောင်းသလို တစ်ဖက်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကွပ်ကဲမှုအောက်က တပ်တွေနဲ့ NUG ကွပ်ကဲမှုအောက်မှာမရှိတဲ့ တပ်တွေပျံ့ကြဲပြီး စစ်ရေးလှုပ်ရှားနေကြတာပါ။ 

ဒီလိုအခြေအနေမှာ ညီညွတ်မှုကို အခြေခံတဲ့ တပ်ပေါင်းစုတွေ စုဖွဲ့လာကြပါတယ်။ 

NUG ကွပ်ကဲမှုအောက်မှာရှိတဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်စစ်ကြောင်း(Unity Column) ကို ကနဦးအနေနဲ့ ခရိုင်အမှတ် ၆၊ ၁၀၊ ၁၂၊ ၃၈ တို့ပါဝင်တဲ့ တပ်ရင်း ၄ရင်းနဲ့ မကြာသေးခင်က စုဖွဲ့လိုက်ပါတယ်။ 

ဒီလိုစုဖွဲ့မှုက ဘယ်လိုအဓိပ္ပာယ်ဆောင်ပါသလဲ၊ အညာတော်လှန်ရေးရဲ့ လက်ရှိအခြေအနေက ဘယ်လိုရှိပါသလဲ၊ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး Unity Column ရဲ့ ဒုစစ်ကြောင်းမှူး ရဲဘော်ရှမ်းလေး ကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါတယ်။ 

ကိုလှိုင်း/ Myanmar Now

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

Related Articles

Back to top button