အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

နေပြည်တော်ကလာတဲ့ UEC အဖွဲ့ဝင်ယာဉ်တန်းကို တော်လှန်ရေးတပ်ဖွဲ့ ဘယ်လိုတိုက်ခိုက်ခဲ့လဲ

လက်နက်ကိုင် လုံခြုံရေးအပြည့်ဖြင့် နေပြည်တော်က ထွက်ခွာလာသော စစ်တပ်၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အဖွဲ့ဝင်ဦးဆောင်သည့် ယာဉ်တန်းကို တော်လှန်ရေးတပ်ဖွဲ့က ဇန်နဝါရီ ၆ရက် မွန်းလွဲပိုင်းတွင် အလစ်အငိုက် တိုက်ခိုက်နိုင်ခဲ့သည်။ 

တိုက်ခိုက်ခံရမှုတွင် UEC အဖွဲ့ဝင် ဦးအောင်လွင်ဦး ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း ၎င်း၏ ကိုယ်ရေးအရာရှိ ဦးအောင်ကျော်သူနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးအဆင့်ရှိသူ ရဲမှူးထွန်းလင်းအောင်တို့ ပွဲချင်းပြီး သေဆုံးခဲ့သည်။ သေဆုံးသူ ၈ဦးခန့်ရှိသည်ဟု တော်လှန်ရေးတပ်ဖွဲ့က ဆိုသည်။ 

တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ နေပြည်တော်-မကွေးကားလမ်းသည် တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးနိုင်သည့် လမ်းပိုင်းမဟုတ်ဘဲ သတင်းအတိအကျရ၍သာ တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ 

၆ရက်ကြာ အချိန်ယူပြင်ဆင်ခဲ့ရပြီး၊ ရိက္ခာပြတ်သွားသဖြင့် ၂ရက်ကြာ ထမင်းမစားရဘဲ စောင့်ဆိုင်းပြီးမှ တိုက်ခိုက်ခဲ့ရသည်ဟု ထိိုတိုက်ခိုက်မှုကို ဦးဆောင်ခဲ့သူက ပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အဆိုပါ တိုက်ခိုက်မှုတွင် ကိုယ်တိုင်ဦးဆောင်ခဲ့သည့် နေပြည်တော်တိုင်းစစ်ဌာန၊ အမှတ်(၉၀၃)တပ်ရင်းမှ တပ်ရင်းမှူးဖြစ်သူ ဗိုလ်အောင်ဒင်နှင့် ဆက်သွယ်မေးမြန်းထားပါသည်။ 

မေးမြန်း – စထွန်းအောင်/ Myanmar Now

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles