အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြန်မာနိုင်ငံတွင် ​သေ​ကျေပျက်စီးမှုနှင့် ဆင်းရဲဒုက္ခ ထပ်မံကျ​ရောက်မည်ကို OHCHR သတိပေး 

မြန်မာနိုင်ငံတွင် အရှိန်မြင့်တက်နေသော အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် သေကျေပျက်စီးမှုနှင့် ဆင်းရဲဒုက္ခ ထပ်မံကျရောက်မည်ကို ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး (OHCHR) Michelle Bachelet က ယမန်နေ့ (ဇွန် ၁၁) တွင် သတိပေးလိုက်သည်။

နိုင်ငံအရှေ့ပိုင်းရှိ ကယားပြည်နယ်နှင့် အနောက်ပိုင်းရှိ ချင်းပြည်နယ်တို့တွင် သိသာသော စစ်ရေးလှုပ်ရှားမှုများ မြင့်တက်လာခြင်းကို ရည်ညွှန်းလျက် OHCHR အကြီးအကဲကြီးက သတိပေးလိုက်ခြင်းဖြစ်သည်။

“ကျွန်မစိုးရိမ်ခဲ့သလိုပါပဲ လူနည်းစု တိုင်းရင်းသားတွေရှိနေတဲ့ ကယား၊ ချင်းနဲ့ ကချင်ပြည်နယ်တွေအပါအဝင် မြန်မာနိုင်ငံအနှံ့အပြားများမှာ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ တခြားအကြမ်းဖက်မှုတွေ အရှိန်မြင့်တက်လာနေပါတယ်” ဟု ၎င်းက ပြောသည်။ 

အာဏာသိမ်းစစ်ကောင်စီတပ်သည် ခရစ်ယာန်ဘုရားရှိခိုးကျောင်းများ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ အရပ်သားပြည်သူများနှင့် အရပ်ဘက်အဆောက်အအုံများကို လေကြောင်းတိုက်ခိုက်မှုအပါအဝင် လက်နက်ကြီးများကိုပါ အသုံးပြုတိုက်ခိုက်လျက်ရှိသည်ဟုလည်း ၎င်းက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မြန်မာစစ်တပ်သည် အာဆီယံကို ကတိပြုထားသည်များကို ဆန့်ကျင်လျက် အကြမ်းဖက်မှုအရှိန်လျှော့ချရေး မည်သို့မျှကြိုးပမ်းဆောင်ရွက်ခြင်း မရှိဘဲ အရေးပါသောနေရာများတွင် စစ်ရေးလှုပ်ရှားမှုများသာ ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။ 

စစ်တပ်သည် အရပ်သားများကို ဖမ်းဆီးကာ လူသားတံတိုင်းသဖွယ် အသုံးပြုခြင်း၊ ကယားပြည်နယ်အတွင်း လွိုင်ကော်၊ ဖယ်ခုံနှင့် ဒီးမော့ဆိုမြို့နယ်များရှိ အရပ်ဘက်နေအိမ်များနှင့် ဘုရားရှိခိုးကျောင်းများကို ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ပိတ်ပင်ခြင်းအပြင် ကူညီဆောင်ရွက်ပေးနေသူများကို တိုက်ခိုက်လျက်ရှိသည်ဟုလည်း OHCHR အကြီးအကဲက ထောက်ပြထားသည်။ 

“ကယားပြည်နယ်မှာ သုံးပတ်အတွင်းမှာကိုပဲ လူပေါင်း ၁၀၈,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်။ အစားအသောက်၊ ရေနဲ့ အခြား ဆေးဘက်ဆိုင်ရာ အထောက်အပံ့တွေမရှိဘဲ တောထဲမှာ ပုန်းအောင်းနေရတယ်။ ဒီလူတွေက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အရေးပေါ် လိုအပ်နေပါတယ်” ဟု Michelle Bachelet က ပြောသည်။ 

မြန်မာစစ်တပ်အနေဖြင့် အရပ်သားများကို ကာကွယ်ပေးရန် တာဝန်ရှိပြီး အရပ်သားများနှင့် အရပ်ဘက်အဆောက်အအုံများကို လက်နက်ကြီးများနှင့် ပစ်ခတ်တိုက်ခိုက်နေသည့် စစ်တပ်အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက ပြန်လည်သုံးသပ်သင့်သည်ဟုလည်း ၎င်းက ဆိုသည်။ 

ထို့ပြင် အသစ်ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF) နှင့် အခြားလက်နက်ကိုင်အဖွဲ့များအနေဖြင့်လည်း အရပ်သားများကို ကာကွယ်ပေးရန် ဖြစ်နိုင်သမျှ လိုက်နာဆောင်ရွက်ရမည်ဟုလည်း ၎င်းက ထောက်ပြသည်။ 

“လေးလကျော်အတွင်းမှာ မြန်မာနိုင်ငံဟာ ထိခိုက်ပျက်စီးလွယ်သော ဒီမိုကရေစီကနေ လူ့အခွင့်အရေးဆိုင်ရာကပ်ဘေးဖြစ်နေပါပြီ။ ထိခိုက်သေကျေပျက်စီးဆုံးရှုံးမှုတွေအပြင် လူမှုရေးနဲ့ စီးပွားရေးအရ ဖြစ်ပေါ်လာတဲ့ အကျိုးသက်ရောက်မှုတွေကိုလည်း လူတွေခံစားနေရပါတယ်။ စစ်ခေါင်းဆောင်တွေမှာ အထူးတာဝန်ရှိပြီး တာဝန်ယူရပါမယ်” ဟုလည်း OHCHR အကြီးအကဲ Michelle Bachelet က ပြောသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button