အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ဘယ်သူမှ မအံ့ဩဘဲ အားလုံးမျှော်လင့်ထားတဲ့အတိုင်း ကြံ့ခိုင်ရေးပါတီ အနိုင်ရနေ

ဒီဇင်ဘာ ၂၈ရက်၊ တနင်္ဂနွေနေ့က ကျင်းပခဲ့ပြီး မဲပေးသူအရေအတွက် နည်းပါးလွန်းတဲ့ စစ်တပ်ရွေးကောက်ပွဲအပိုင်း(၁)မှာ  ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကပဲ အများစုအနိုင်ရသွားတယ်လို့ သိရပါတယ်။

အတိုက်အခံပါတီတွေမပါဘဲ စစ်တပ်စိတ်ကြိုက်စီစဉ်တဲ့ ရွေးကောက်ပွဲမှာ စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီကပဲ အနိုင်ရတယ်ဆိုတာက အံ့ဩစရာမရှိဘဲ ဒါဟာ အားလုံးမျှော်လင့်ထားပြီးသား ရလဒ် ဖြစ်ပါတယ်။

မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအပိုင်း(၁)မှာ အားလုံးစာရင်းမချုပ်ရသေးပေမယ့် ယေဘုယျအားဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အခြေအနေကောင်းတယ်လို့ ကြံ့ခိုင်ရေးပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး က Myanmar Now ကို ပြောပါတယ်။

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

Related Articles

Back to top button