အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

အမေရိကန်-တရုတ် ပြိုင်ဆိုင်မှုကြား တရုတ်၏ လက်ဝေခံနိုင်ငံ ဖြစ်လာသော မြန်မာ

မြန်မာသည် တရုတ်၏ လက်ဝေခံနိုင်ငံအဆင့်သို့ အလျင်အမြန်ကျဆင်းသွားရခြင်း၏ အဓိက တရားခံမှာ ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းခဲ့သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အမိုက်မဲဆုံးနှင့် အညံ့ဖျင်းဆုံး တိုင်းပြည်ကို ဖျက်ဆီးခဲ့သော လုပ်ရပ်များကြောင့်ဆိုလျှင် မှားအံ့မထင်။ ယခုအခါ ၎င်း၏အာဏာတည်မြဲရေးအတွက် တရုတ်၏ ကျားကန်ပေးမှု ရယူထားရသော မင်းအောင်လှိုင်သည် ဒီမိုကရေစီ အမည်ခံ အတုအယောင် ရွေးကောက်ပွဲကျင်းပရေး ကြိုးပမ်းနေပြီ ဖြစ်သည်။ 

ရွေးကောက်ပွဲအလွန်တွင် တရုတ်ကြိုးဆွဲ ရုပ်သေးအစိုးရတစ်ရပ် ပေါ်ပေါက်လာပြီး၊ မြန်မာ့မြေကို အသုံးချပြီး တရုတ်အလိုကျ CMEC စီမံကိန်းများကို လက်ခံအကောင်အထည်ဖော်ခြင်းဖြင့် တရုတ်အကြွေးနွံထဲမှ ရုန်းထွက်မရသော လက်ဝေခံနိုင်ငံ ဖြစ်လာတော့မည် ဖြစ်သည်။ 

ယခုအခါ မြန်မာ့မြေပေါ် ခြေကုပ်ယူပြီး အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားသည့် တရုတ်ကျားဖြန့်ဂိုဏ်း များကို စတင်နှိမ်နင်းရန် အမေရိကန်အစိုးရသည် Scam Center Strike Force (SCSF) ကို ဖွဲ့စည်းဆောင်ရွက် လာရာ နောက်ထပ်ကြုံတွေ့လာရမည့် မြန်မာ့မြေပေါ်တွင် အမေရိကန်နှင့် တရုတ် အားပြိုင်မှုဖြစ်စဉ်များ ၏ ဆုံမှတ်အသစ်တစ်ခု ပေါ်ပေါက်လာပြီဟု ဆိုနိုင်သည်။

အမေရိကန်အစိုးရသည် တရုတ်ကျားဖြန့်ခေါင်းဆောင်ပိုင်းအကြောင်း သတင်းပေးနိုင်မည်ဆိုလျှင် ဆုငွေပေးမည် ဟု ကြေညာလာပါသည်။ တရုတ်ကျားဖြန့်ဂိုဏ်းများ၏ ခေါင်းဆောင်ပိုင်းသည် တရုတ်နိုင်ငံသားများ အဓိက ဖြစ်နေပြီး အကယ်၍ တရုတ်နိုင်ငံသား ကျားဖြန့်ရာဇဝတ်ဂိုဏ်းခေါင်းဆောင်တစ်ဦးကို အမေရိကန်က ဖမ်းဆီး ရမိပြီး အမေရိကန်တရားရုံးတွင် ရုံးတင်စစ်ဆေးအပြစ်ပေးနိုင်ရန် ခေါ်ဆောင်မည်ဆိုလျှင်၊ သို့မဟုတ် တတိယ နိုင်ငံတစ်ခုက အမေရိကန်အလိုရှိနေသော တရုတ်ကျားဖြန့်ရာဇဝတ်ဂိုဏ်းခေါင်းဆောင်တစ်ဦးကို အမေရိကန် သို့ လွှဲပြောင်းပေးမည်ဆိုလျှင် တရုတ်အစိုးရ မည်ကဲ့သို့ တုံ့ပြန်မည်နည်း ဆိုသည်မှာ စိတ်ဝင်စားစရာ ဖြစ်သည်။ 

အကယ်၍ အမေရိကန်အစိုးရ အလိုရှိနေသော တရုတ်ကျားဖြန့်ရာဇဝတ်ဂိုဏ်းခေါင်းဆောင် တစ်ဦးကို မြန်မာ့ မြေပေါ်တွင် ဖမ်းဆီးရမိလျှင် သို့မဟုတ် အမေရိကန် Strike Force က မြန်မာ့မြေပေါ်တွင် အဓိကကျူးလွန်နေ သော တရုတ်နိုင်ငံသားအမြောက်အများပါဝင်သည့် ကျားဖြန့်ဂိုဏ်းကို ဝင်ရောက်စီးနင်းလျှင် တရုတ်အစိုးရ မည်ကဲ့သို့ တုံ့ပြန်မည်ဆိုသည်က အလွန်စဉ်းစားဖွယ်ကောင်းသော အချက်ဖြစ်သည်။ 

ထိုသို့ဖြစ်မလာနိုင်ဟု ကံသေကံမ မပြောနိုင်ပါ။ ထို့ကြောင့် မြန်မာသည် အမေရိကန်နှင့် တရုတ်တို့၏ ဆုံမှတ် ဖြစ်လာနေပြီလောဟု မေးခွန်းထုတ်ရင်း၊ ဘီအာအိုင် နှင့် ကျားဖြန့် ပြဿနာကို အကြောင်းပြု၍ တရုတ်သည် မြန်မာကို ၎င်းတို့၏ လက်ဝေခံနိုင်ငံအဖြစ် စနစ်တကျ သွတ်သွင်းနေပြီ ဖြစ်ကြောင်း သုတဇော်၏ သုံးသပ်ချက်ဆောင်းပါးကို ဖော်ပြလိုက်ပါသည်။

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

Related Articles

Back to top button