အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

စောချစ်သူနယ်မြေ ရွှေကုက္ကိုက ငွေလိမ်ဂိုဏ်းတွေ နောက်ဆုံးအခြေအနေ

ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ် ရွှေကုက္ကိုမြို့သစ်က အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို အပြီးတိုင် ဖယ်ရှားရှင်းလင်းမယ်လို့ ကရင့်နယ်ခြားစောင့်တပ် (BGF) က ပြောဆိုပြီး နာရီပိုင်းအကြာမှာ ထောင်နဲ့ချီတဲ့ ငွေလိမ်လုပ်ငန်းမှာ လုပ်ကိုင်နေသူတွေဟာ နိုဝင်ဘာလ ၁၇ရက်က ညတွင်းချင်း နေရာရွေ့ပြောင်းကြတဲ့ ဓာတ်ပုံနဲ့ ရုပ်သံတွေ ပျံ့နှံ့လာပါတယ်။ 

စစ်တပ်ဩဇာခံ နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် စောချစ်သူ ထိန်းချုပ်ထားတဲ့ ရွှေကုက္ကိုမြို့သစ်ကို အာဏာသိမ်း စစ်တပ်က နိုဝင်ဘာ ၁၈ ရက်နေ့ မနက်ပိုင်းမှာ ရောက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

သူတို့ထိန်းချုပ်နယ်မြေမှာ ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေမရှိဘူးလို့ ပြောခဲ့ဖူးတဲ့ BGF ခေါင်းဆောင်တွေဟာ အခုတော့ ကျားဖြန်းလုပ်ငန်းကို အမြစ်ဖြတ်ရှင်းမယ်လို့ ဆိုပြန်ပါတယ်။ ဒီလိုပြောနေပေမယ့် တဖက်မှာလည်း ကျားဖြန့်လုပ်ငန်းက ခေါင်းဆောင်တွေနဲ့ တရုတ်သူဌေးတွေကိုတော့ သူတို့ထိန်းချုပ်နယ်မြေတွေဆီ BGF က ရွှေ့ပြောင်းပေးထားပါတယ်။ 

ကိုလှိုင်း/ Myanmar Now

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

Related Articles

Back to top button