အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပလက်ဝမြို့တွင် မြန်မာ့စီးပွားရေးဘဏ်နှင့် ထွေအုပ်ရုံးရှေ့ ပေါက်ကွဲမှုဖြစ် 

ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် ယနေ့ (မေ ၂၈) နံနက်ပိုင်းက ပေါက်ကွဲမှုများဖြစ်ပြီး လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း မြို့ခံများထံမှ သိရသည်။ 

နံနက် ၇ နာရီ ၄၅ မိနစ်ခန့်တွင် နိုင်ငံပိုင် မြန်မာ့စီးပွားရေးဘဏ်ရှေ့ အမှိုက်ပုံး၌ ပေါက်ကွဲပြီးနောက် မိနစ်အနည်းငယ်အကြာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့ ပေါက်ကွဲခဲ့ကာ ဘဏ်ရှေ့မျက်နှာစာရှိ မှန်နှစ်ချပ် ကွဲသွားကြောင်း မျက်မြင်သက်သေများကို ကိုးကား၍ ဒေသခံများက ပြောသည်။ 

“စီးပွားရေးဘဏ်ရှေ့မှာတစ်လုံး၊ မယကရုံးရှေ့မှာတစ်လုံး၊ နှစ်လုံးပေါက်တာ။ လူကတော့ အသေအပျောက်မရှိဘူး” ဟု ပလက်ဝမြို့ခံတစ်ဦးက ပြောသည်။ 

ထိုပေါက်ကွဲမှုတွင် ဘဏ်အနီး စျေးဝယ်လာသည့် စစ်ဘေးရှောင်တစ်ဦးတွင် ပွန်းပဲ့ဒဏ်ရာအနည်းငယ် ရရှိသွားသော်လည်း မစိုးရိမ်ရကြောင်း ၎င်းက ဆက်ပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် အနီးဝန်းကျင်တွင် အသွားအလာကန့်သတ်ကာ စစ်တပ်က ရှာဖွေ၊ ရှင်းလင်းရေးများ လုပ်ဆောင်နေသည်ဟု သိရသည်။

ယင်းပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ပလက်ဝမြို့နယ်အုပ်ချုပ်ရေးမှူးထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။

စစ်တပ်က အာဏာသိမ်းယူလိုက်ပြီးနောက် ချင်းပြည်နယ်၊ ပလက်ဝမြို့ပေါ်တွင် ယခုကဲ့သို့ ပေါက်ကွဲခြင်းမှာ ပထမဆုံးဖြစ်သည်ဟု အခြားမြို့ခံတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်များနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် စစ်တပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည်မှာ ၆ လနီးပါးခန့် ကြာမြင့်နေပြီဖြစ်သည်။

အာဏာသိမ်းမှုဆန့်ကျင်သူတို့ကို အကြမ်းဖက် နှိပ်ကွပ်နေစဉ် ဒေသအသီးသီးတွင် ပေါက်ကွဲမှု၊ ပစ်ခတ်မှုများ နေ့စဉ် ဖြစ်ပွားနေသည်။

 ယနေ့နံနက်ပိုင်းကလည်း ရှမ်းပြည်နယ်မြောက်ပိုင်းမှ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့လယ်၌ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး တစ်ဦးသေဆုံး၍ နှစ်ဦး ဒဏ်ရာရရှိသွားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles