အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

စစ်တပ်လက်အောက်ပြန်မနေချင်ကြောင်း မိုးကုတ်မြို့ခံများ သံပုံးတီးဆန္ဒပြ

စစ်တပ်လက်အောက်ပြန်မနေချင်ကြောင်း ပြသသည့်အနေဖြင့် မိုးကုတ်မြို့ခံများသည် ယနေ့ညတွင် သံပုံးများတီးဆန္ဒပြခဲ့ကြကြောင်း ယင်းမြို့ထဲသို့ရောက်နေကြသူများထံမှသိရသည်။

မန္တလေးတိုင်း၊ပြင်ဦးလွင်ခရိုင်ထဲမှ မိုးကုတ်မြို့ကို တအောင်းတပ် TNLA ထံမှ စစ်တပ်က ပြန်လည်လက်လွှဲယူရန် ပြီးခဲ့သည့်လကျင်းပခဲ့သော တရုတ်အစိုးရကြီးကြပ်ခဲ့သည့် ဆွေးနွေးပွဲတွင် စစ်တပ်နှင့် TNLA တို့ သဘောတူခဲ့ကြသည်။

TNLA သည် ယခုလ၂၅ ရက်မတိုင်မီ မိုးကုတ်မြို့မှ ထွက်ခွာရန် ပြင်ဆင်နေသည်ဟု မိုးကုတ်မြို့ခံများနှင့် စစ်ရေးရင်းမြစ်များကဆိုသည်။ 

အခြားတဖက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လက်အောက်ခံတပ်များက TNLA စွန့်ခွာရန် ပြင်ဆင်နေသည့် မိုးကုတ်မြို့ကို  ဆက်လက် ကာကွယ်သွားမည်ဟု ထုတ်ပြန်ကြေညာထားသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

သံပုံးများတီးဆန္ဒပြခြင်းသည် အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်ကြောင်းပြသသည့် နာမည်ကျော် လှုပ်ရှားမှုတခုဖြစ်သည်။ NLD အစိုးရကို ဖြုတ်ချပြီး ၂၀၂၁ ဖေဖော်ဝါရီတွင် အာဏာသိမ်းခဲ့ပြီးနောက် အစောပိုင်းကာလများတွင် နိုင်ငံအနှံ့မှပြည်သူများသည် ညစဉ်ညတိုင်းသံပုံးများတီးကာ စစ်တပ်ကိုဆန္ဒပြခဲ့ကြသည်။

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button