အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကျောက်ကြီးမှ အမျိုးသမီးတစ်ဦး အဖမ်းခံရပြီး မိသားစုဝင်များ ပြေးနေရ

ကျောက်ကြီးမြို့နယ်၊ ပိုးလိုးနိုဖိုးရွာမှ နော်အေးကြန်ကို စစ်တပ်က ဖမ်းသွားကြောင်း၊ ၎င်း၏ သားသမီး၊ အစ်မနှင့် တူ / တူမ များက စစ်တပ်၏ ရန်ကို စိုးရိမ်သဖြင့် ယမန်နေ့ (မေ ၂၆) နံနက်ပိုင်းတွင် နေအိမ်များမှ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

အသက် ၃၈ နှစ်အရွယ် နော်အေးကြန်ကို ပြီးခဲ့သည့် မေ ၂၄ နံနက် ၄ နာရီခွဲတွင် ခလရ ၆၀ မှ စစ်သားများက ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။

ထိုဖမ်းဆီးမှုကို အပြင်းအထန်ရှုတ်ချပြီး အမြန်ဆုံးပြန်လွှတ်ပေးရန် ကျောက်ကြီးမြို့နယ် ဒေသခံကရင်လူမှုအဖွဲ့က တောင်းဆိုထားသည်။  

ပြန်လွှတ်မပေးပါက လူထုနှင့် တွဲပြီး ပြင်းထန်သော တုံ့ပြန်မှုများကို လုပ်ဆောင်သွားမည်ဟု မေ ၂၄ ၌ ထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြထားသည်။  

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နော်အေးကြန်ကို မည်သည့်နေရာတွင် ထိန်းသိမ်းထားမှန်း မသိရသေးပေ။

” လိုက်စုံစမ်းကြည့်တာတော့ ကျောက်ကြီးမှာလိုလို၊ တောင်ငူမှာလိုလို ကြားရတာပါပဲ” ဟု ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်၊ ဒေခံကရင်လူမှုအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

၎င်းအဖွဲ့သည်လည်း နော်အေးကြန်ကို အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုထားသည်။ 

ဖမ်းဆီးရသည့် အကြောင်းရင်းကို မသိရှိရသေးဘဲ နော်အေးကြန်လွတ်မြောက်ရေး ဒေသခံကရင်လူမှုအဖွဲ့များ ယနေ့ (မေ ၂၇) ၌ တိုင်ပင်ဆွေးနွေးနေသည်ဟု ဆိုသည်။  

ထိုဖမ်းဆီးမှုနှင့် ပတ်သက်ပြီး စစ်တပ်၏ ပြန်ကြားရေးအရာရှိကို ဆက်သွယ်မေးမြန်း၍ မရသေးပေ။ 

ကျောက်ကြီးမြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်များလှုပ်ရှားသည့် နယ်မြေတစ်ခုဖြစ်သည်။ 

ယင်းမြို့နယ်အတွင်း ခလရ ၆၀ က လမ်းမများတွင် ဂိတ်ချစစ်ဆေးနေခြင်းကို KNU က မေ ၁၂ တွင် ကန့်ကွက်ထားခဲ့ပြီး အခြေအနေတင်းမာနေသည်။ 

၂၀၂၁ ဇန်နဝါရီလဆန်းမှစ၍ မြို့နယ်အတွင်း နှစ်ဖက်တိုက်ပွဲများဖြစ်ခဲ့ပြီး ဒေသခံအများအပြား စစ်ရှောင်ခဲ့ရသည်။ 

မေ ၂၅ ညနေ ၃ နာရီခန့်က ကျောက်ကြီးမြို့နယ်၊ ကျောက်ကြီး – မူသယ် ကားလမ်းမပေါ်တွင် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့သေးသည်။

KNU ထိန်းချုပ်နယ်မြေများတွင် ဒေသခံများသည် စစ်အာဏာရှင်ဆန့်ကျင်သော ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြပြီး စစ်တပ်မှ ဖမ်းဆီးမှုများရှိနေ၍ KNU တပ်မဟာများမှ တပ်ဖွဲ့များက လုံခြုံရေးယူပေးခဲ့သည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button