အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီတပ် တပ်စွဲထားသဖြင့် ဒေသခံများ ထွက်ပြေးနေရ 

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ရွာတွင် အာဏာသိမ်းစစ်ကောင်စီတပ်က တပ်စွဲလိုက်သည့်အတွက် ဆင်စွယ်၊ အင်တော၊ မောင်းလုပ်၊ လက္ကပြား၊ ပန်းမထုံး၊ ဆင်တဲ၊ ကပိုင် စသည့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။

ယင်းမာပင်မြို့နယ် လက္ကပြားကျေးရွာအနီး ယနေ့ (မေ ၁၈) ၌ စစ်ကားများ ဖြတ်သန်းသွားစဉ် မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ရင်ပေါင်တိုင်ရွာ၊ မန်ကျည်းရုံဘုန်းကြီးကျောင်းတွင် စစ်တပ်က တပ်စွဲလိုက်ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။ 

“ရွာတောင်ဘက်မှာ ပေါက်တာ။ ဘယ်သူ့လက်ချက်မှန်းမသိဘူး။ ထိခိုက်ပျက်စီးတဲ့အခြေအနေလည်း မသိရသေးဘူး။ အနားကရွာတွေ အကုန်ထွက်ပြေးနေရတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် လက္ကပြားရွာ ဒေသခံတစ်ဦးက Myamar Now ကို ပြောသည်။ 

အလောင်းတော်ကဿပအမျိုးသားဥယျာဉ်နှင့် အနီးဆုံးဖြစ်သည့် ကပိုင်ရွာတွင် တပ်စွဲထားသည့် စစ်တပ်မှ စစ်ကား ၁၁ စီးသည် ယနေ့တွင် လက္ကပြားကျေးရွာအနီး ဖြတ်သန်းသွားစဉ် မိုင်းပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ယခုလဆန်းပိုင်း၌ ကနီမြို့နယ် ကလေးဝ – ယာကြီး – မုံရွာလမ်းပေါ်ရှိ မှန်တောင်အနီးတွင် စစ်ကားတစ်စီး မိုင်းခွဲတိုက်ခိုက်ခံရပြီး ဒေသခံတပ်များနှင့် စစ်ကောင်စီတပ်များ တိုက်ပွဲများဖြစ်ခဲ့ပြီး အနီးအနားကျေးရွာများကို စစ်တပ်က မွှေနှောက်ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည်။

လက္ကပြားရွာတွင်လည်း ယနေ့ မိုင်းပေါက်ကွဲမှုခဲ့ရာ စစ်တပ်က ဝင်ရောက်မွှေနှောက်ဖျက်ဆီးမည်ကို စိုးရိမ်ပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေခြင်းဖြစ်သည်ဟု ဆိုသည်။

ကပိုင်ရွာအနီးတွင် စစ်ကောင်စီတပ် ပြီးခဲ့သည့် ဧပြီလကတည်းက တပ်စွဲထားခဲ့ပြီး ဒေသခံများနှင့် အပြန်အလှန် ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည့်နည်းတူ စစ်တပ်သည် အနီးအနားကျေးရွာများကိုလည်း မကြာခဏ ဝင်ရောက်ရှာဖွေခြင်း၊ ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိသည်။ 

စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ အားကောင်းသည့် ယင်းမာပင်မြို့နှင့် ကနီမြို့မှ ကျေးရွာများကို စစ်ကောင်စီက ပစ်မှတ်ထားပြီး ကျေးရွာများအတွင်း မွှေနှောက်ဖျက်ဆီးပြီး ပစ္စည်းများအား လုယက်ယူဆောင်ခြင်း၊ ဒေသခံများအား ဖမ်းဆီးနှိပ်စက်မှုများလုပ်နေသည့်အတွက် သောင်းနှင့်ချီသော ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်မှာ တစ်လနီးပါးရှိလာပြီဖြစ်သည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles