အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ကိုးကန့်တပ်နဲ့ စစ်ကောင်စီရဲ့ လျှို့ဝှက်ဆွေးနွေးပွဲတွေကြောင့် လားရှိုးမြို့ခံတွေ စိုးရိမ်နေ

စစ်ကောင်စီတပ်နဲ့  ကိုးကန့် (MNDAA) တပ်တွေ ပြီးခဲ့တဲ့ ဇွန်လထဲမှာ သုံးကြိမ်လောက် တွေ့ဆုံခဲ့ပြီး ဆွေးနွေးမှုရလဒ်တွေကို မသိရတာကြောင့် လားရှိုးမြို့ခံတွေကြားမှာ  စိုးရိမ်မှုတွေ တိုးလာတယ်လို့  ဒေသခံတွေဆီကနေ သိရပါတယ်။

ဇွန် ၂၀ ရက်နေ့မှာ လားရှိုးကို  စစ်ကောင်စီက အင်အား တစ်ထောင်ကျော်နဲ့ လက်နက်ကြီးတွေ ဖြည့်ခဲ့ပြီး  ကိုးကန့်တပ်နဲ့ တစ်ကြိမ်တွေ့ခဲ့ပါတယ်။ အဲ့ဒီနောက်  ဇွန်လ ၃၀ရက်မှာ  လားရှိုးမြို့ပေါ်က ဆင်နှစ်ကောင်ဟိုတယ်နဲ့  ဟိုပိတ်ရွာတို့မှာ  နှစ်ကြိမ် ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြပေမယ့် နှစ်ဖက်လုံးက ဆွေးနွေးမှု အခြေအနေကို လျှို့ဝှက်ထားပါတယ်။

နှစ်ဖက် ဆွေးနွေးပွဲတွေ  အဆင်မပြေကြောင်းနဲ့ နှစ်ဖက်တပ်တွေ  အင်အားကိုယ်စီ ဖြည့်နေကြတယ်ဆိုတဲ့ ကောလာဟလတွေ ပျံ့နှံ့လာတာကြောင့် လားရှိုးမြို့ခံတွေကြား  စိုးရိမ်မှုတွေ တိုးလာပါတယ်။ 

ကျော်ဇင်ဝင်း၊ မြတ်ကြီး/ Myanmar Now

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button