ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းထားတဲ့ ရှမ်း-ကရင်နီအစပ် မိုးဗြဲမြို့ရဲ့ မြို့ပေါ်နေရာအများစုကို စစ်ကောင်စီတပ်က ဝင်ရောက်တပ်စွဲလိုက်ပြီလို့ ကရင်နီတော်လှန်ရေးတပ်တွေနဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ အင်အား ၅၀၀ ကျော်နဲ့ မိုးဗြဲမြို့ထဲကို ဝင်လာပြီး ဇူလိုင်လ၂ရက် နေ့လယ်ပိုင်းမှာ မြို့ပေါ်နေရာအများစုကို စိုးမိုးနိုင်ခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။
ဒါပေမယ့် စစ်ကောင်စီတပ်ဟာ မိုးဗြဲ-လွိုင်ကော်လမ်းမကြီးကို တော့ မထိန်းချုပ်နိုင်သေးဘူးလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) နဲ့ နီးစပ်သူက ဆိုပါတယ်။



