အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးကို ဆက်လက်တိုက်ပွဲဝင်နေသည့် နှစ် ၈၀ပြည့် မွေးနေ့ရှင်

၂၀၂၅ ခုနှစ် ဇွန်လ ၁၉ ရက်နေ့သည် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀နှစ်ပြည့် မွေးနေ့ဖြစ်သည်။ အနှစ် ၈၀ ပြည့်နှစ်အထိ လူ့လောကတွင် သက်ရှည်ကျန်းမာစွာဖြင့် ရှင်သန်နေထိုင်နိုင်ခြင်းက မင်္ဂလာတစ်ပါး ဖြစ်ပေသည်။  မိသားစု အများအပြားက မိသားစုဝင်တစ်ဦး၏ အသက် ၈၀ ပြည့်နှစ် မွေးနေ့ကို ထူးခြားဝမ်းမြောက်စွာ ကျင်းပပေးကြပေလိမ့်မည်။

မြန်မာနိုင်ငံနှင့် နိုင်ငံတကာတွင် ထင်ရှားသည့် နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ အသက် ၈၀ ပြည့်နှစ် မွေးနေ့ကို အကျဥ်းထောင်ထဲ ခက်ခဲပင်ပန်းစွာ ဖြတ်သန်းနေရသည်။ ပြင်ပနှင့် အဆက်အသွယ် လုံးလုံးလျားလျား ဖြတ်တောက်ခံထားရသဖြင့် ကျန်းမာရေးအခြေအနေ မည်သို့ရှိနေမည်ကိုလည်း ပြင်ပကမ္ဘာက မသိရပေ။  မွေးနေ့တွင် အဝေးတွင်ရှိနေသော သားနှစ်ဦးက မိခင်ကို တွေ့ဆုံခွင့်မရခြင်း၊ မိသားစုဝင် ဆွေးမျိုးသားချင်း တစ်ဦးမျှ ရှိမနေဘဲ အထီးကျန်စွာ ဖြတ်သန်းရခြင်း တို့က သူ့ကို ချစ်ခင်လေးစားကြသော ပြည်သူများအတွက် စိတ်ထိခိုက်စရာ မွေးနေ့တစ်ခု ဖြစ်သလို၊ သူ လွတ်မြောက်ရေး မျှော်လင့်နှိုးဆော်မှုများ တစ်ဖန်နိုးကြားလာသည့် မွေးနေ့လည်း ဖြစ်စေပါသည်။ 

မြန်မာပြည်သူ အများအပြားက “အမေ” ဟု လေးစားချစ်ခင်မြတ်နိုးဆဲ ဒေါ်အောင်ဆန်းစုကြည်သည် အသက် ၈၀ ပြည့် မြောက်လာသည့်တိုင်အောင် စစ်အာဏာရှင်စနစ်ကို  “ပြည်သူနှင့်အတူ” နေပြည်တော် အကျဥ်းထောင်ထဲမှ ဆက်လက်တိုက်ပွဲဝင်နေသည်ကို ကမ္ဘာကြီး ကြားသိနိုင်ပါစေကြောင်း မွေးနေ့ဆောင်းပါးအဖြစ် ‘သုတဇော်’ ၏ သုံးသပ်ချက်ဆောင်းပါးကို ဖော်ပြလိုက်ပါသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button