အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ဒီပဲယင်း စာသင်ကျောင်း ဗုံးကြဲခံရပြီး မြင်ကွင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းရွာ စာသင်ကျောင်းကို ယမန်နေ့(မေ ၁၂) လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူအရေအတွက်မှာ ၂၂ ဦးအထိရှိလာပြီး ကျောင်းသား၊ ကျောင်းသူ ၂၀ ဦးနှင့် ဆရာမ ၂ ဦးပါဝင်သည်။ 

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းရွာ စာသင်ကျောင်းကို ယမန်နေ့(မေ ၁၂) လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူအရေအတွက်မှာ ၂၂ ဦးအထိရှိလာပြီး ကျောင်းသား၊ ကျောင်းသူ ၂၀ ဦးနှင့် ဆရာမ ၂ ဦးပါဝင်သည်။ 

ဒဏ်ရာပြင်းထန်သူများထဲမှ သေဆုံးမှုများရှိသည့်အတွက် သေဆုံးသူအရေအတွက် မြင့်တက်လာခြင်းဖြစ်သည်။ 

စာသင်ကျောင်းကို ဦးတည်ပစ်ခတ်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည့် ကျောင်းသား ၂၀ အနက် Grade 2 (ဒုတိယတန်း) မှ ၆ ဦး၊ Grade 3 (တတိယတန်း) မှ ၃ ဦး၊ Grade 4 မှ ၄ ဦး၊ Grade 5 မှ ၁ ဦး၊ Grade 7 ၃ ဦး၊ Grade ၉၊ ၁၀၊ ၁၁ တို့မှ ၁ ဦးစီ သေဆုံးခဲ့ကြောင်း မြို့နယ်ပကဖ နှင့် ကူညီပေးသူများထံက သိရသည်။ 

လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့် ဆရာမနှစ်ဦးမှာ ဒေါ်ပန်းမို့မို့ဝေနှင့် ဒေါ်ဇင်မာသူတို့ ဖြစ်သည်။ 

“ဗုံးကကျောင်းပေါ်တည့်တည့်မှာကျတာ။ ကျောင်းက တစ်ထပ်ဆောင်။ အမိုးတွေပွင့်ပြီး အတွင်းနံရံ တွေက ဒိုးချင်းတွေပေါက်တာ။ အတွင်းခန်းတွေက ဟိုဘက်ဒီဘက်ပေါက်ထွက်သွားတာ။ အပြင်ဘက် ထွက်ပြေးတဲ့တချို့ကလေးတွေကတော့ လွတ်တယ်”ဟု မြေပြင်ကူညီကယ်ဆယ်ရေးသမားတစ်ဦးက‌ ပြောသည်။

ရုပ်သံ – ဒေါ်ရတီအုန်း

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button