အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

“ခမရ ၅၉၈ စစ်ကောင်စီလက်ထဲ ပြန်ရောက်သွားပြီလား”

ပဲခူးတိုင်း ရွှေကျင်မြို့နယ် ညောင်ခြေထောက်ရွာအခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၅၉၈)ခြေမြန်တပ်ရင်း(ခမရ -၅၉၈) ကို တော်လှန်ရေးပူးပေါင်းတပ်တွေက မေလ ၈ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ပဲခူးတိုင်း ရွှေကျင်မြို့နယ် ညောင်ခြေထောက်ရွာအခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၅၉၈)ခြေမြန်တပ်ရင်း(ခမရ -၅၉၈) ကို တော်လှန်ရေးပူးပေါင်းတပ်တွေက မေလ ၈ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အဲ့ဒီတိုက်ပွဲမှာ လက်နက်ကြီး လက်နက်ငယ် ၈၀ကျော် သိမ်းမိခဲ့ပြီး စစ်ကောင်စီတပ်သား ၅၀နီးပါး ထွက်ပြေးလွတ်မြောက်နေတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။ တစ်ဖက်မှာလည်း ခမရ -၅၉၈ ကို ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ စစ်ကောင်စီက ထုတ်ပြန်လာပါတယ်။ 

ဒီတော့ ခမရ-၅၉၈ ရဲ့ နောက်ဆုံးအခြေအနေက ဘယ်လိုရှိပါသလဲ၊ တိုက်ပွဲတွေက ဘယ်လောက်ထိ ပြင်းထန်နေပါသလဲ။ ဒီတိုက်ပွဲအခြေအနေ အပါအဝင် စစ်တောင်းမြစ်ဝှမ်းဒေသကို နယ်မြေစိုးမိုးနိုင်ဖို့ ကြိုးစားနေကြတဲ့ စစ်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး ခမရ-၅၉၈တိုက်ပွဲကို ဦးဆောင်သူတစ်ဦးဖြစ်တဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF ရဲ့ တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

မေးမြန်း – မြတ်ကြီး

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button