သတင်း

မတ် ၂၇ နှင့်၂၈ တွင် မြို့ပေါင်း ၅၀ ကျော်၌ ကျဆုံးသူပေါင်း ၁၆၉ ဦး ရှိခဲ့

ဖက်ဆစ်တော်လှန်ရေးနေ့ဖြစ်သော မတ် ၂၇ ရက်နေ့တွင် တစ်နိုင်လုံးအတိုင်းအတာဖြင့် ပြည်သူလူထု က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည့်နည်းတူ အာဏာသိမ်းစစ်ကောင်စီကလည်း မြို့ပေါင်း ၅၀ တွင် အရက်စက်ဆုံး ပစ်ခတ်သတ်ဖြတ်ခဲ့ရာ ထို့နေ့တစ်ရက်တည်း၌ပင် အရပ်သား ပြည်သူ ၁၀၀ ကျော် ကျဆုံးခဲ့ရသည်။

ထိုနေ့က ညပိုင်းအထိ ပစ်ခတ်သတ်ဖြတ်မှုများရှိခဲ့ရာ မတ် ၂၈ ရက်နေ့အထိ ဆက်လက်အတည်ပြု ရရှိသည့် ကျဆုံးသူအရေအတွက်မှာ ၁၆၉ ဦးရှိပြီး ၎င်းတို့အနက် ၁၅ ဦးမှအပ ကျန်သူအားလုံးကို Myanmar Now က အမည်နှင့်တကွ အတည်ပြုရရှိထားပြီဖြစ်သည်။ မြို့ပေါင်း ၅၀ တွင် ကျဆုံးသူ ၁၆၉ ဦးအနက် အသက်မပြည့်သူ ၁၄ ဦးအထိ ရှိသည်။

(ဖော်ပြပါ အချက်အလက်များမှာ သက်ဆိုင်ရာ မိသားစုဝင်များ၊ ဒေသခံများနှင့် လူမှုကယ်ဆယ်ရေး အသင်းများ၏ အတည်ပြုချက်များအပေါ် အခြေခံပြီး စုဆောင်းထားခြင်းဖြစ်ပါသည်။ သေဆုံးသူများ ၏ အချက်အလက်များ ပြင်ဆင်ဖြည့်စွက်လိုပါက Myanmar Now ကို ဆက်သွယ်အကြောင်းကြား နိုင်ပါသည်။)

Show More

Related Articles

Back to top button